သတင်းတုတွေက ဘယ်လောက်ထိ အရာရောက်လဲ

အရင်တုန်းက ထီထွက်ရက်ရောက်ရင် အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးရဲ့ ရင်ခွင်ထဲထိုင်ပြီး သိန်းထောင်ဆုကြီးပေါက်သွားတဲ့ လင်မယား၊ တစ်ချို့ Facebook Post တွေမှာ မောင်နှမဆိုပြီး စနောက်ခဲ့ကြတာ လူတိုင်းနီးပါးသိကြမှာပါ။ အဆိုပါ Meme ခေါ် Information အတုတွေဟာ Social ပါးဝနေတဲ့ လူတိုင်းအတွက် အတုအစစ်ခွဲဖို့ လွယ်ပေမယ့် Social Media ကိုသေချာမသုံးတတ်သူဆိုရင် Fake News ဆိုတာကို သိမှာမဟုတ်ပါဘူး။ Social Media တွေပေါ်လာတာ ဆက်သွယ်ဖို့ပိုလွယ်လာပေမယ့် မကောင်းတဲ့အချက်ကတော့ Click Bait Media တွေပေါ်လာပြီး သတင်းတုတွေပေါလာတာပါ။

သတင်းတွေ အောတိုက်ပေါနေတဲ့ ခုလိုကာမှာဆိုရင် သတင်းတုတွေ၊ အချက်အလက်အမှားတွေဟာ တော်တော်လေးကြီးမားတဲ့ impact တွေဖြစ်လာနိုင်ပါတယ်။ လူတိုင်း အလုပ်အကိုင်၊ နေ့စဥ်ဘဝနဲ့ တစ်ခါတစ်ရံ အသက်တစ်မျှ အရေးကြီးတဲ့ အခြေအနေတွေမှာ သတင်းတုတွေဟာ အတော်လေး ဂရုစိုက်သင့်တဲ့ ကိစ္စရပ်တစ်ခုပါပဲ။

သတင်းတုတွေကို တစ်ဦးချင်းဖြစ်စေ၊ အသင်းအဖွဲ့နဲ့ဖြစ်စေ ဖြန့်ဖြူးတတ်ပါတယ်။ သတင်းတုတွေကို ခွဲခြားနိုင်ချင်ရင် Citation လို့ခေါ်တဲ့ သတင်းရင်းမြစ်ဟာ တိကျခိုင်မာခြင်းရှိမရှိဆိုတာကို အတည်ပြုနိုင်မှပဲ သတင်းရဲ့ စစ်မှန်မှုရာခိုင်နှုန်းကို သိနိုင်မှာပါ။

ဒီနေ့ Twitter မှာမြင်မိတဲ့ Tweet တစ်ခုမှာ Elon Musk Reply ပြန်ခဲ့ပုံကို မြင်လို့ သတင်းတုတွေအကြောင်းကို ပြောဖြစ်တာပါ။ Tweet မှာ Elon ဟာ Billion နဲ့ချီအောင်ချမ်းသာပေမယ့် ခုလိုအိပ်ရာနဲ့ အိပ်တယ်ဆိုပြီး Post တင်ထားပေမယ့် Elon က အချက်အလက်မှားနေကြောင်း Reply ပြန်သလို Twitter Bot System ကလည်း Elon က ဒေါ်လာ ၄၅၀၀၀ တန် အိမ်တစ်ခုမှာ လောလောဆယ်နေနေတယ်ဆိုပြီး Link နဲ့တစ်ကွ Cite လုပ်ပေးသွားပါတယ်။

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ကိုယ်နဲ့ကိုက်ညီမှုရှိတဲ့ Chair ဘယ်လိုရွေးကြမလဲ

Next
Next

5 Tech Myth Busters