မီးမမှန်တဲ့အခါ ဖုန်းအားခြွေတာနည်းများ

မီးကတစ််ရက်ကို ၁၂ နာရီတောင်ပြည့်အောင်မလာ၊ လာတုန်းလည်း မီးအားကမပြည့်ဆိုရင် ဖုန်းတွေကို Power Bank တွေဝယ်၊ မီးစက်တွေဝယ်ပြီး သုံးရပါတယ်။ ဒါပေမယ့် ဒီဆီဈေးနဲ့ဆိုရင် မီးစက်ကို ရေထည့်နှိုးနိုင်မှပဲ သုံးရတာတန်မှာပါ။ မီးပျက်နေတုန်း ဖုန်းအားကြာကြာခံဖို့ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြပေးပါ့မယ်

၁. Phone Brightness တွေလျော့ထားပါ
ဖုန်းရဲ့ အားအကုန်ဆုံးနေရာကို ပြောပါဆိုရင် Screen Britghtness ပါပဲ။ မသိမသာကုန််နေတဲ့နေရာဖြစ်ပေမယ့် တစ်ကယ်လို့ Screen Brightness ကိုလျော့လိုက်မယ်ဆိုရင် ဖုန်းအားကုန်တာသိသိသာသာ လျော့သွားမှာပါ။ ဖြစ်နိုင်ရငင် Auto Brightness ဖွင့်ထားတာ အကောင်းဆုံးပါပဲ။

၂.Background App တွေကိုပိတ်ထားပါ
Background App တွေတစ်သီးကြီးဖွင့်ထားတဲ့အခါ Battery ကနောက်ကွယ်ကနေ အားတွေကုန်နေရပါတယ်။ ဒါ့ကြောင့်ဖြစ်နိုင်ရင် Recent App တွေရှင်းထားပါ။ သီချင်းဖွင့်ထားတာလောက် ကိစ္စမရှိပေမယ့် Game တွေ run ထားတာမျိုးကတော့ အားကုန်စေပါတယ်။

၃.Battery Saver ဖွင့်ထားပါ
အရင်တုန်းကဖုန်းတွေမှာတော့ Battery Saver ပါဝင်ပေမယ့်ခုဖုန်းတွေမှာတော့ Built-in Battery Saver ပါနေပြီးသားမို့သပ်သပ် Download လုပ်စရာမလိုတော့ပါဘူး။ Battery Saver က မလိုအပ်တဲ့ Serviceတွေကို ပိတ်ပေးလို့ ဖုန်းအားကုန်တာကို သက်သာစေပါတယ်။

၄.Wifi, Bluetooth တွေပိတ်ထားပါ
ဒီ Service တွေကလည်း နောက်ကွယ်မှာ ပွင့်နေရင် အားအကုန်မြန်စေပါတယ်။ ဒါကြောင့် မသုံးတဲ့ Wifi, Bluetooth, GPS တွေပိတ်ထားပေးခြင်းအားဖြင့် အားကုန်သက်သာစေပါတယ်။

၅.Airplane mode on ထားပါ
တစ်ကယ်လို့ ဖုန်းသုံးစရာလုံးဝမလိုသေးရင် Airplane Mode ဖွင့်ထားပေးပါ။ Airplane mode က ဖုန်းမှာရှိသမျှ Connection တွေကို ဖြတ်ပေးလိုက်တာမို့ ဖုန်းနဲ့သုံးနေတဲ့ တစ်ချို့ Software တွေကလွဲရင် ဖုန်းအားကို ခြွေတာပြီးသားဖြစ်ပါလိမ့်မယ်။

၆.Original Charger နဲ့ Certified ဖြစ်တဲ့ Charger တွေကိုပဲသုံးပါ
Original မဟုတ်သလို၊ Certified မဟုတ်တဲ့ Third-party Charger တွေသုံးတဲ့အခါ Input Watt မမှန်လို့ Battery နာတတ်ပါတယ်။ ဒါ့အပြင် အားသွင်းရင်း မီးအားမမှန်လို့ အခန့်မသင့်ရင် ဖုန်းပါပျက်တတ်ပါတယ်။

၇.အားသွင်းရင်း ဖုန်းသုံးတာရှောင်ပါ
ဒီဖက်ခေတ်မှာတော့ ဒီလိုသုံးတာအကျင့်လိုကိုဖြစ်နေကြပါပြီ။ ဒါပေမယ့် ဖြစ်နိုင်ရင် အားသွင်းရင်း ဖုန်းသုံးတာကို တတ်နိုင်သမျှရှောင်စေချင်ပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

စာလုံးဆက်ဂိမ်းကြိုက်တဲ့သူတွေအတွက် Wordle အပြင်တစ်ခြား ဂိမ်းများ

Next
Next

Second Phone ဝယ်တော့မယ်ဆိုရင် ဆောင်ရန်၊ရှောင်ရန်အချက်များ