Microsoft ရဲ့အကူအညီယူခဲ့ဖူးတဲ့ Apple

လူတိုင်းအရမ်းကြိုက်ပါတယ်ဆိုတဲ့ Apple ကြီးဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်လောက်က ဒေဝါလီ ဖြစ်မလိုထိ အခြေအနေဆိုးဖူးပါတယ်။ အလုပ်သမား ၃ပုံ၁ပုံလောက်ကို ဖြုတ်ပစ်ခဲ့ရတဲ့ထိ ဆိုးခဲ့တာပါ။ 1997 ခုနှစ််မှာ Bill Gates ဟာ Apple မှာ ဒေါ်လာ သန်း ၁၅၀ ရင်းနှီးမြှပ်နှံပေးခဲ့ပါတယ်။ Steve Jobs က Bill Gates ကိုပြောခဲ့တဲ့ "Bill, thank you. The world’s a better place" ဆိုတဲ့စကားဟာ Times မဂ္ဂဇင်းရဲ့ မျက််နှာဖုံးမှာပါ ဖော်ပြခံခဲ့ရပါတယ်။

Bill Gates ဟာ Apple Share တွေကို Non Voting Share အဖြစ်ဝယ်ယူခဲ့တာဖြစ်တာမို့ ကုပ္ပဏီရဲ့ Board အဖွဲ့မှာဝင်ထိုင်ခဲ့ခြင်းမရှိသလို၊ Microsoft Office ကိုလည်း Apple ရဲ့ Computer တွေမှာ အသုံးပြုခွင့် ၅ နှစ်တာ အခမဲ့ပေးခဲ့ပါသေးတယ်။

ဒါပေမယ့် ဒါတွေအားလုံးရဲ့ တစ်ခြားတစ်ဖက်ခြမ်းမှာကတော့ အဆိုပါအချိန်တုန်းက Apple က Microsoft ကို တရားစွဲဖို့ပြင်နေခဲ့တာဖြစ်ပါတယ်။ အကြောင်းကတော့ Windows OS ဟာ MacOS ကိုကူးချပြီး ထုတ်လုပ်ထားတယ်ဆိုတဲ့ အကြောင်းပါပဲ။ Microsoft အနေနဲ့ ရင်းနှီးမြှုပ်နှံလိုက်တဲဲ့အခါမှာတော့ Apple ဖက်က တရားစွဲတာကိုရုတ်သိမ်း ပေးသွားမှာဖြစ်သလို၊ Mac တွေမှာ Internet Explorer ကို Default Browser အဖြစ်အသုံးပြုသွားမယ်လို့ စာချုပ်ချုပ်ခဲ့ပါတယ််။

2003 ခုနှစ်မှာတော့ Microsoft ကသူတို့ပိုင်တဲ့ Apple ရဲ့ Share တွေကို ဒေါ်လာ သန်း ၅၅၀ နဲ့ Apple ကိုပဲပြန်ရောင်းချခဲ့ပါတယ်။

#AkhayarTech

Ref : Times, Medium, CNBC


Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ဘာလို့ website တွေဝင်လို့မရတာလဲ၊ Censorship ဆိုတာဘာလဲ

Next
Next

လိုချင်တဲ့ Relationship အမျိုးအစားအလိုက်သုံးသင့်တဲ့ Dating App များ