သမိုင်းတစ်လျောက် ထူးထူးဆန်းဆန်းတီထွင်မှုများ

နည်းပညာသစ်နဲ့ တီထွင်မှုတွေဆိုတာ ခေတ်အလိုက်ပေါ်ပေါက်နေတာပါပဲ။ ဒါပေမယ့် တီထွင်မှုတိုင်းကတော့ တစ်ကယ့်လက်တွေ့ဘဝမှာ အသုံးချလို့ သင့်တော်၊ မတော်ဆိုတော့ ထည့်သွင်းစဥ်းစားရပါမယ်။ ဖော်ပြသွားမယ့် တီထွင်မှုတွေကတော့ လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်း ပေါ်လာခဲ့တဲ့ ထူးဆန်းတဲ့ တီထွင်မှု တစ်ချို့ဖြစ်ပါတယ်

၁. စကားများရင် ပါးစပ်ပိတ်ပေးတဲ့စက်(Hushme)

တစ်ကယ်လို့ သူငယ်ချင်းတွေထဲ၊ အလုပ်ထဲမှာ အရမ်းစကားများတဲ့သူငယ်ချင်းရှိရင်ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်စကားတွေ ရေပက်မဝင်ပြောတတ်လို့ ပြဿနာတက်ရင်ပဲဖြစ်ဖြစ် ဒီစက်ကလိုတော့လိုအပ်လာနိုင်ပါတယ်။ တစ်ကယ်လို့ အသုံးပြုသူက စကားများရင် အလိုအလျောက် ပါးစပ်ပိတ်ပေးမှာပါ

၂. HapiFork(Diet Fork)

တစ်ကယ်လို့ သင်ဟာ Hapi Fork ကိုအသုံးပြုပြီး အစားကို အမြန်စားမယ်ဆိုရင် ဒီ Fork ကတုန်ခါပြီး အစာကို နှေးနှေးစားဖို့ သတိပေးမှာဖြစ်ပါတယ်။ တစ်ကယ်လို့သတိပေးနေတာကို ဆက်စားနေမယ်ဆိုရင် ခရင်းကကိုင်လို့မရအောင် တုန်ခါလာမှာဖြစ်ပါတယ်။ အစားမြန်တဲ့သူတွေ ဆောင်ထားသင့်ပါတယ်။

၃. Kolibree Smart Toothbrush

မော်တာပါတဲ့ တုန်ခါသွားတိုက်တံတွေကို ခုလည်းသုံးနေကြပါတယ်။ ဒါပေမယ့် ဒီကောင်ကတော့ တစ်ဆင့်ပိုသွားပြီး တုန်ခါတဲ့ Pattern တွေကိုနဲ့ ကြိမ်နှုန်းတွေကိုပါ ဖုန်း Application ကနေတစ်ဆင့် ထိန်းလို့ရတာပါ။ အင်တာနက်ပါသုံးပြီး ထိန်းလို့ရတာကြောင့် မနက်ခင်းမှာ အတွဲတွေ သွားတိုက်တဲ့အခါ တစ်ဖက်နဲ့တစ်ဖက် ကလိလို့ရမယ်ထင်ပါတယ်။

၄. Dyson Zone Air-Purifying Headphones

Dyson လို့ပြောရင် သူတို့ရဲ့ Vaccum တွေ၊ Hair Dryer တွေကြောင့်နာမည်ကြီးပါတယ်။ ဒါပေမယ့် ဒီတစ်ခုကတော့ ပတ်ဝန်းကျင်က ဖုန်မှုန့်တွေနဲ့ လေထုညစ်ညမ်းတဲ့အခါ သီချင်းနားထောင်ရင်း အပြင်သွားရင် လေသန့်သန့်ရှုချင်တဲ့သူတွေအတွက် တီထွင်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့် လေကတစ်ဆင့်ကူးစက်တဲ့ ရောဂါကိုတော့ မကာကွယ်ဘူးလို့ ဆိုပါတယ်။

၅. Belty

ဗိုက်မှာ အဆီရှိသူတိုင်း ခါးပတ်ပတ်ရင် ဒုက္ခရောက်တတ်ပါတယ်။ ထိုင်လိုက်တဲ့အခါ ဗိုက်နဲ့ခါးပတ်ဆိုဒ်မညီလို့ ခါးပတ်လျော့ရတဲ့အခါဖြစ်ပါတယ်။ ဒီခါးပတ်ကတော့ ထိုင်နေလား၊ ထနေလားကို မူတည်ပြီး ခါးပတ်ဆိုဒ်ကို အလိုအလျောက် သက်တောင့်သက်သာဖြစ်အောင် ချိန်ညှိပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် ခါးပတ်ကမော်တာကို အလုပ်လုပ်ဖို့ PowerBank ကြီးခါးမှာချိတ်ထားဖို့တော့ လိုပါတယ်တဲ့..

အထက်ပါ တီထွင်မှုတွေဟာ လက်တွေ့ဘဝမှာ အလုပ်မဖြစ်တာမို့ ဆက်မထုတ်ဖြစ်ခဲ့တဲ့ တီထွင်မှုတွေပဲဖြစ်ပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

လိုချင်တဲ့ Relationship အမျိုးအစားအလိုက်သုံးသင့်တဲ့ Dating App များ

Next
Next

ကလေးငယ်တွေနဲ့ ကျောင်းသားငယ်တွေအတွက် အင်္ဂလိပ်စာလေ့လာဖို့ Website ၅ ခု