ရုပ်ရှင်တွေကြည့်ဖို့ အကောင်းဆုံး Torrent Streaming Site များ

ထွက်ပေါ်လာတဲ့ Render များအရ OnePlus 10T ဟာ OnePlus ရဲ့ ဒီနှစ် နောက်ဆုံးထွက်လာမယ့် Flagship ပဲဖြစ်ပါတယ်။ သတင်းတွေအရတော့ Snapdragon 8 Gen 1 ကိုသုံးထားမယ်လို့သိရပြီး Render များအရ သိသိသာသာ ထူးခြားနေတာကတော့ ကင်မရာ Bump အကြီးကြီး ပါနေတာပါ။

10T ဟာ OnePlus အတွက် ပုံမှန်မဟုတ်တဲ့ ဒီဇိုင်းလို့ပြောလို့်ရပါတယ်။ ကင်မရာ Bump ဟာ ဖုန်းBody အပေါ်ပိုင်းကို တစ်ခုလုံးကို ဖြတ်ပြီး ရှိနေမှာဖြစ်ပါတယ်။ Render တွေက အရင်တုန်းက ထွက်ခဲ့ဖူးတဲ့ မော်ဒယ်တွေကို အခြေခံပြီး ထွက်လာတာဖြစ်တာ ကိုတော့ သတိမူရပါမယ်။

ထွက်ဖူးသမျှ OnePlus တွေထဲမှာ အကြီးဆုံးဖြစ်မယ်လို့ သိရပြီး Dimension တွေတော့ အတိအကျသိရပါတယ်။ ဒါပေမယ့် ဒေါင့်ဖြတ်တိုင်းမယ်ဆိုရင် 6.7 လက်မ လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ထွက်ဖူးသမျှ T ဖုန်းတွေထဲမှာ Size အကြီးဆုံးဖြစ်လာမှာပါ။ ဒါ့အပြင် FHD+, QHD+ ထိ Resolution ဖြစ်လာနိုင်ပြီး Refresh Rate 120Hz ထိရနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

Charging ပိုင်းအနေနဲ့ 150W ထိပါဝင်လာနိုင်ပြီး Battery ကိုတော့ 4800 mAh ထည့်သွင်း ပေးလာနိုင်ပါတယ်။ Wireless Charging ကိုတော့ ထည့်သွင်းပေးဦးမှာမဟုတ်ပါဘူး။ Battery နဲ့ Screen ပိုင်းမှာ လျော့မထားပေမယ့် Rear Camera ပိုင်းမှာတော့ အကြီးကြီး လျော့ထားပါတယ်။

The OnePlus 10T အနေနဲ့ 50MP Camera ကို OIS ထည့်သွင်းထားပြီး 4K 60Fps ထည့်ရိုက်ကူးနိုင်မယ်လို့ သိရပါတယ်။ 16MP Ultra Wide နဲ့ 2MP Macro ကိုတော့ အားဖြည့်ပေးထားမယ်လို့ ခန့်မန်းရပါတယ်။ Telephoto Lens ပါဝင်ခြင်းမရှိသလို Front Facing ကိုလည်း 32MP ပဲထည့်ပေးထားမယ်လို့ ဆိုပါတယ်။

OnePlus 10T ကိုတော့ မြန်မာဈေးခန့်မှန်းဝန်းကျင် ၁၅ သိန်းခန့် ရှိလာမယ့်လို့ ခန့်မှန်းထားပါတယ်။ July လလောက်မှာ အိန္ဒယကို စတင်ဖြန့်ချီမယ်လို့ ခန့်မှန်းရပြီး International ကိုတော့ မသိရသေးပါဘူး။

Ref : Twitter Rumors

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ကျောင်းသားတွေ သိထားသင့်တဲ့ Website ၅ ခု

Next
Next

ရုပ်ရှင်တွေကြည့်ဖို့ အကောင်းဆုံး Torrent Streaming Site များ