ချစ်စရာကောင်းတဲ့ Android Os နာမည်များ

ဒီနေ့ခေတ် ကမ္ဘာ့အသုံးများဆုံး OS ဟာ Andorid OS ပဲဖြစ်ပါတယ်။ Linux Kernal ကိုအခြေခံထားတဲ့ Android OS ဟာ ယနေ့ထွက်သမျှ iOS ကလွဲလို့ ကျန်တဲ့ Samsung, Xiaomi, Sony စတဲ့ ဖုန်းတော်တော်များများမှာ Android OS ကိုမှ Customized လုပ်ပြီးပြန်သုံးကြပါတယ်။ Huawei ရဲ့ HarmonyOS ကရောလို့မေးလာရင်တော့ Huawei ကကိုယ်ပိုင် OS နဲ့ Development Toolkit ကိုသုံးပါတယ်။ Android အနေနဲ့ Android OS ကို Open-source ပေးထားပေမယ့် သူနဲ့ဆိုင်တဲ့ တစ်ခြား Service တွေကိုတော့ Charged လုပ်ပြီး သုံးခိုင်းတာမျိုးတွေကနေ ပိုက်ဆံရပါတယ်။

ဒီနေ့ပြောချင်တာကတော့ Android အနေနဲ့ သူရဲ့ OS တွေကို နာမည်ပေးတဲ့အခါ ချစ်စရာကောင်းတဲ့ ဓလေ့တစ်ခုရှိပါတယ်။ အဲ့တာကတော့ အချိုပွဲနာမည်တွေကို Version အလိုက်ပြောင်းလဲပြီးပေးတဲ့ဓလေ့ပါပဲ။ အသုံးပြုသူတွေ မှတ်ရလွယ်အောင်, Developer တွေ ခေါ်ရပိုကောင်းအောင် အစရှိတဲ့ ရည်ရွယ်ချက်တွေနဲ့ ပေးခဲ့တာဖြစ်သလို အတော်လည်း အာရုံစိုက်ခံခဲ့ရပါတယ်။ Version အလိုက်ပေးခဲ့တဲ့နာမည်တွေကတော့ -

1 Android 1.5 Cupcake

2 Android 1.6 Donut

3 Android 2.0/2.1 Eclair

4 Android 2.2 Froyo

5 Android 2.3 Gingerbread

6 Android 3.0/3.1/3.2 Honeycomb

7 Android 4.0 Ice Cream Sandwich

8 Android 4.1/4.2/4.3 Jelly Bean

9 Android 4.4 KitKat

10 Android 5.0/5.1 Lollipop

11 Android 6.0 Marshmallow

12 Android 7.0/7.1 Nougat

13 Android 8.0/8.1 Oreo

14 Android 9.0 Pie

ဆိုပြီးဖြစ်ပါတယ်။

ဒါပေမယ့် Android 10.0 ကနေစပြီး ပိုပြီးရှင်းလင်းတဲ့ နာမည်တွေပေးဖို့အတွက်ရော၊ အင်္ဂလိပ်အချိုပွဲတွေနဲ့ မရင်းနှီးသူတွေအတွက်ရော ရည်ရွယ်ပြီး အချိုပွဲနာမည်တွေကို ပေးခြင်းရပ်လိုက်ပါတယ်။ မိတ်ဆွေတို့ရော ဘယ်အချိုပွဲတုန်းက မှီလိုက်သေးလဲဗျ....?

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ပိုတိုးတက်လာတဲ့ Video Call Feature များ

Next
Next

Cybersex Crime နဲ့ပတ်သတ်လို့ သတိမူစရာများ