2022 Google Search Trends Result

၂၀၂၂ ကုန်ဖို့လည်း ရက်ပိုင်းပဲလိုပါတော့တယ်။ ပထမဆုံး Merry Christmas & Happy New Year ဖြစ်ပါစေ၊ မကြာမီ နှစ်သစ်မှာ မိတ်ဆွေများအားလုံးနဲ့ မြန်မာနိုင်ငံကြီးတစ်ခုလုံး အေးငြိမ်းချမ်းသာမှု ရှိပါစေလို့ ဆုမွန်ကောင်း အရင်တောင်းလိုက်ပါတယ်။

နှစ်တစ်နှစ်လည်း ကုန်တော့မယ်ဆိုတော့ Google ရဲ့ဒီနှစ်အတွင်း လူတွေကြားမှာ Trends ဖြစ်တဲ့ စကားလုံးတွေ၊ Search Query စာရင်းတွေလည်း ထွက်လာပါပြီ။ မြန်မာနိုင်ငံမှာတော့ တရားဝင် Google Support မရှိတော့တဲ့အတွက် Trends Result မြင်ရခြင်းမရှိပါဘူး။

၂၀၂၂ အတွင်း Globally အရှာအများဆုံးကတော့ Wordle ဆိုတဲ့ Word Puzzle ပဲဖြစ်ပါတယ်။ ဒုတိယကတော့ India Vs England ဆိုတဲ့ စကားလုံးပါ။ တတိယကတော့ Ukraine နိုင်ငံအကြောင်းပါ။ ထူးထူးခြားခြား iPhone 14 ဆိုတဲ့ Search စကားလုံးက တစ်ကမ္ဘာလုံး အရှာဆုံး နံပါတ် ၈ နေရာယူခဲ့ပါတယ်။ Movies ပိုင်းအနေနဲ့ Thor: အချစ်နဲ့မိုးကြိုးက လူရှာအများဆုံးဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ Black Adam,Top Gun: Maverick နဲ့မဆီမဆိုင် The Batman ကအစီလိုက်ရှိခဲ့ပါတယ်။

၂၀၂၂ အတွင်း iPhone, Pixel, Samsung, Xiaomi တွေရဲ့ Search result ကိုကြည့်လိုက်ရင်တော့ iPhone ကအများဆုံးဖြစ်ပြီး Samung ကဒုတိယ၊ Xiaomi ကတတိယ၊ Pixel ကနောက်ဆုံးကလိုက်နေပါတယ်။ September လထဲမှာဆိုရင် iPhone 14 Launch လုပ်တဲ့အတွက် Result ထိုးတက်သွားတာပါမြင်ရနိုင်ပါတယ်။

မိတ်ဆွေတို့ အသေးစိတ်ကြည့်ချင်ရင်တော့ Google ရဲ့ Trends of the Year မှာသွားကြည့်လို့ရပါတယ်။

Ref : Google

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ကမ္ဘာ့နိုင်ငံတွေနဲ့ TikTok ဂယက်

Next
Next

စမ်းသုံးကြည့်သင့်တဲ့ Android Video Editing App များ