Second Phone ဝယ်တော့မယ်ဆိုရင် ဆောင်ရန်၊ရှောင်ရန်အချက်များ

ယနေ့ခေတ်မှာနည်းပညာ တိုးတက်လာတာနဲ့အမျှ နည်းပညာပစ္စည်းတွေဟာလဲတိုးတက်လာပါတယ်။နည်းပညာလုပ်ဆောင်မှုတွေနဲ့အတူ လိုက်မြင့်လာတာကတော့ဈေးနှုန်းပါပဲ။လောလောဆယ်မှာ စွမ်းဆောင်ရည်အတော်မြင့်မြင့်ဖုန်းအသစ်တစ်လုံးဟာ 10 သိန်း ဝန်းကျင် ရှိပါတယ်။ဒီတော့ အသစ်ဝယ်မဲ့အစား Second ဖုန်းတွေဝယ်ရောင်းလုပ်တာဟာဈေးကွက်တစ်ခုဖြစ်လာပါတယ်။

Second Phoneတွေကို ဝယ်တော့မယ်ဆိုရင် သတိထားရမယ့်အချက်တွေကတော့ -

(၁) ကိုယ်လိုချင်တာ ဘာဖုန်းအမျိုးအစားလဲဆိုတာသေချာပါစေ။ ဘာ Modelအမျိုးစားသေချာကိုဖြစ်နေရမယ်မဆိုလိုပါဘူး။ ကိုယ်လိုချင်တဲ့ ဖုန်းမှာအနည်းဆုံး Ram ဘယ်လောက် ပမာဏ ၊ကင်မရာ ဘယ်လောက်ကောင်းရမယ်၊screen sizeအကြီးအသေးကိုမဝယ်ခင်ကြိုတင်ပြီးသေချာစဉ်းစားထားပေးပါ။ဒါမှကိုယ်သုံးနိုင်တဲ့ငေပမာဏနဲ့ကိုယ်လိုချင်တဲ့ ဖုန်းအမျိုးအစားကို ချိန်ညှိနိုင်မှာဖြစ်ပါတယ်။

(၂)ကိုယ်ဘယ်ကနေတဆင့်ဝယ်မယ်ဆိုတာသိရပါမယ်။
ယခုခေတ်မှာတော့ social mediaတွေပေါ်မှာ ကြေငြာpostတွေတင်ပြီးရောင်းကြပါတယ်။မြန်မာနိုင်ငံမှာဆိုရင်လဲ facebookပေါ်မှာ အရောင်းအဝယ်တွေလုပ်သလို နိုင်ငံတကာမှာဆိုရင်တော့ eBay လိုမျိုးwebsiteတွေကနေတဆင့် အရောင်းအဝယ်လုပ်ကြပါတယ်။ ဒီလိုဝယ်ယူတဲ့နေရာရွေးချယ်ရာမှာလဲသတိထားရမယ့်အချက်တွေရှိပါတယ်။ ဥပမာ တစ်ယောက်ထဲကတင်ထားတဲ့ဈေးနှုန်းတွေကို အရမ်းယုံကြည်လို့မရပါဘူး။ သူ့ထက်ဈေးနှုန်းအပြောင်းအလဲတွေပါတဲ့အခြားရောင်းသူလဲရှိနေနိုင်တဲ့အတွက် အနည်းငယ်ဆက်လက်ပြီးရှာဖွေသင့်ပါတယ်။ အလိမ်ခံရတာတွေလည်းရှိနိုင်လို့ သတိထားရပါမယ်။

(၃) အကယ်၍ Online ငွေပေးချေမှုတွေ ပြုလုပ်ရမယ်ဆိုရင်လည်း ယုံကြည်စိတ်ချရတဲ့ငွေလွှဲ ဝန်ဆောင်မှုတွေကိုသာအသုံးပြုသင့်ပါတယ်။ ရောင်းတဲ့သူဟာလည်းအများကယုံကြည်ရတယ်လို့သတ်မှတ်ထားသူနဲ့သူအရောင်းအဝယ်လုပ်တာအကောင်းဆုံးဖြစ်ပါတယ်။

(၄) နောက်သတိထားရဦးမယ့်အချက်က onlineကနေဝယ်ယူတော့မယ်ဆိုရင် ကိုယ်ဝယ်ယူမဲ့ဖုန်းမှာပါတဲ့ အပြစ်အနာအဆာလေးတွေကို အသေးစိတ်ကအစမေးမြန်းစုံစမ်းပြီးမှ ဝယ်ယူသင့်ပါတယ်။ ဥပမာ-ရောင်းသူက ဖုန်းမျက်နှာပြင်မှာ အပွန်းရာတစ်ခုပါရှိလို့ ပြောလာခဲ့ရင်ဒါဆို ဘေးဘောင်နဲ့ နောက်ဖက်အကာတွေက ပွန်းရာခြစ်ရာလုံးဝ ကင်းတယ်ပေါ့" စသဖြင့်မေးခွန်းလေးတွေကိုဂရုပြုမေးသင့်ပါတယ်။ အကယ်၍ ပစ္စည်းမှာ သူဖော်ပြထားတဲ့အချက်တစ်ခုခုနဲ့မကိုက်ညီရင် ပြန်လဲလို့ရ မရကိုလည်း သေချာမေးထားပါ။

(၅)အကယ်၍များ အပြင်မှာလူချင်းတွေ့ပြီးအရောင်းဝယ်လုပ်မယ်ဆိုပါစို့။ဒါဆိုရင်တော့ဖုန်းကိုလူကိုယ်တိုင်စစ်လို့ရပါပြီ။ ပထမဆုံးအနေနဲ့ ဖုန်းကိုသင့်ရဲ့ ကိုယ်ပိုင် sim cardနဲ့ထည့်စမ်းလိုကြောင်းပြောရပါမယ်။ နောက်ပြီးတော့ဖုန်းအားဝင်၊မဝင်၊ အပွန်းအစင်းအနာဆာတွေကသူပြောသလို ဟုတ်မဟုတ်သေချာစစ်ရပါမယ်။ အကယ်၍ရောင်းမဲ့သူကအစစ်ခံဖို့ငြင်းလာရင်တော့ နောက်ထပ်ရောင်းသူအသစ်ရှာတာအကောင်းဆုံးပါ။ အရောင်းအဝယ်လုပ်ဖို့ချိန်းဆိုတဲ့နေရာကိုလည်း တတ်နိုင်ရင်လူများများရှိတဲ့နေရာမှာ ချိန်းသင့်ပါတယ်။ပြီးတော့မိမိရဲ့လုံခြုံရေးအတွက်အပြင်ဖုန်းရဲ့အနာအဆာတွေကိုသေချာ ကြည့်ရှုစစ်ဆေးဖို့ အလင်ရောင်ကောင်းကောင်းရတဲ့ Public Place တွေမှာပဲ ချိန်းကြပါ။

(၆)ဖုန်းရောင်းမဲ့သူကဖုန်းကိုအစစ်ခံမယ်ဆိုရင်တော့ဖုန်းကိုစစ်လို့ရပြီ။ ဖုန်းကိုစစ်ဖို့အတွက်မိမိအနေနဲ့ power bank ဒါမှမဟုတ် laptopတစ်လုံး၊အားသွင်းကြိုး၊memory card၊ နားကြပ်နဲ့ မိမိအသုံးပြုနေတဲ့sim cardအပိုတစ်ခုကိုဆောင်သွားသင့်ပါတယ်။
ဖုန်းကိုပါဝါမဖွင့်ခင်အရင်ဆုံးဖုန်း screenမှာဖြစ်ရာပါမပါစစ်ပါ။ဖုန်းရဲ့ဘေးမှာပါတဲ့ခလုတ်တွေကိုလည်းကောင်းကောင်းအလုပ်လုပ်ရဲ့လားသေချာစစ်ပါ။ကင်မရာမှန်တွေကောင်းမကောင်းလည်းသေချာစစ်ပေးပါ။နောက်တော့ဘေးဘောင်နဲ့ကျောဖက်မှာပွန်းရာပါမပါစစ်ပါ။ နောက်တော့ ဖုန်းမှာပါတဲ့ battery ဟာ Original ဟုတ်မဟုတ်စစ်ပါ။ နောက်တော့ Micro memory card ထည့်လို့ရရင် ထည့်ပြီးအလုပ်လုပ်မလုပ်ကိုစမ်းပါ။ Sim Card ပါတစ်ခါတည်းထည့်စမ်းပါ။ ပြီးရင်ဖုန်းခေါ်ကြည့်ပြီး စပီကာဖွင့်ကြည့်ကာ ဖုန်းပြောရတာ ကောင်းမကောင်း၊ စပီကာအသံထွက်အခြေအနေကိုစစ်ပါ။ ပီးရင်တော့နားကြပ်ကြိုးကိုတပ်ပြီး နားကြပ်အလုပ် လုပ်မလုပ်ကိုစစ်ပေးပါ။မိမိယူလာတဲ့အားသွင်းကြိုးနဲ့ အားဝင်မဝင်လည်းစမ်းသပ်ပေးပါ။နောက်ဆုံးမှာတော့ phone စစ်ပေးတဲ့ Toolတစ်ခုခုကိုသုံးပြီးဖုန်းကိုစစ်ပေးပါ။

(၇)နောက်ဆုံးအနေမိမိစိတ်တိုင်းကျလို့ဝယ်ယူတော့မယ်ဆိုရင်တော့ဈေးညှိရပါတော့မယ်။ပထမဆုံးအနေနဲ့မိမိပေးလိုတဲ့အများဆုံးပမာဏထက်နည်းပြီးပေးကြည့်ပါ။နောက်မှတဖြည်းဖြည်း ပမာဏကိုတိုးပေးသွားပြိး မိမိပေးလိုတဲ့အများဆုံးပမာဏနဲ့ရအောင်ညှိနှိုင်းတာဟာအကောင်းဆုံးပါပဲ။ရောင်းမဲ့သူကကိုယ်ပေးနိုင်တာထက်ပိုလိုချင်နေမယ်ဆိုရင်တော့ နောက်ထပ်ရောင်းမဲ့သူသာရှာပါ။ရောင်းလက်တွေမရှားပါဘူး။တွေ့တွေ့ချင်းအလျင်စလိုဝယ်လိုက်ခြင်းဟာမိမိငွေကိုလိုတာထက်ပိုကုန်စေပါတယ်။ ပြောချင်တာကတော့စိတ်ရှည်ရှည်နဲ့ရှာဖွေပြီးသေချာစဉ်းစားဝယ်ယူဖို့ပါပဲ။ ဖုန်းမှာပါလာတဲ့ အပြစ်အနာအဆာတွေကိုသေချာရှင်းပြပြီး ဈေးကိုလျော့ခိုင်းနိုင်ပါသေးတယ်။

Online ကနေဝယ်ယူတာမျိုးအပြင် ခုချိန်မှာ အပြင်ဆိုင်တွေလည်း အတော်များနေပြီမို့ ကိုယ်စိတ်ချယုံကြည်ရတဲ့နေရာမှာ ကျွမ်းကျင်သူ အသိမိိတ်ဆွေနဲ့ အတူတူ သွားဝယ်ဖို့ အကြံပြုပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

မီးမမှန်တဲ့အခါ ဖုန်းအားခြွေတာနည်းများ

Next
Next

ဥရောပမှာ Bank App တွေကိုကူးစက်နေတဲ့ Xenomorph Trojan