စမ်းသုံးကြည့်သင့်တဲ့ Email App များ

Email ဆိုတာ ခုခေတ်မှာတော့ လုပ်ငန်း၊ ကျောင်း၊ တစ်ကိုယ်ရေကိစ္စ ပေါင်းစုံအတွက် အသုံးပြုနေကြရပါတယ်။ မြန်မာနိုင်ငံမှာတော့ အသုံးအများဆုံးက Google Email Service ဖြစ်တဲ့ Gmail ပဲဖြစ်ပါတယ်။ အခမဲ့ အသုံးပြုလို့ရတာ၊ တစ်ခြား အပိုဆောင်း လုပ်ဆောင်ချက်တွေကြောင့် Email လို့ပြောလိုက်ရင် Gmail လို့မြင်တဲ့အထိ မြန်မာနိုင်ငံမှာ ပြိုင်စံရှားပါ။ ဒီတော့ Email တွေကို Sign In လုပ်ပြီး စာပို့တာ၊ စာလက်ခံတာလုပ်ဖို့အတွက် Email Client လို့ခေါ်တဲ့ Software ကိုဖုန်းမှာ ထည့်သွင်းထားဖို့လိုပါတယ်။ အဲ့တော့ လူတိုင်း အသုံးဝင်မယ်ထင်တဲ့ Email Client App ၃ ခုကို ဖော်ပြပေးပါမယ်။

၁. Blue Mail

Gmail, Yahoo, Outlook, Office 365 နဲ့ ကိုယ်ပိုင် Domain သုံးထားတဲ့ Email တွေအကုန်ထည့်သုံးလို့ရပါတယ်။ အသုံးပြုခကလည်း အခမဲ့ဖြစ်ပါတယ်။ ကြိုက်တဲ့ Email လာ ဒီ App ထဲမှာ Sign In လုပ်ပြီး အသုံးပြုယုံပါပဲ။ ရုံးသမားတွေအနေနဲ့ Email ပေါင်းစုံကို App တစ်ခုပဲသုံးပြီး လွယ်လွယ်ကူကူ Management လုပ်နိုင်ဖို့ဆိုရင် ဒီ App ကို သုံးဖို့အကြံပြုပါတယ်။

၂. Temp Mail

Ads တွေနဲ့ Email ပြည့်နေတာ၊ တစ်ခါတစ်လေ Game Reward တွေကို Email သုံးပြီး ယူချင်တာ၊ ကိုယ့် Email အစစ်ကိုမပေးချင်လို့ ၁ခါ သို့ ၂ခါ သုံးလောက်ပဲ သုံးချင်တယ်ဆိုရင် Temp Mail ကိုသုံးပါ။ အဲ့တော့ ခဏသုံးပြီးရင် အလိုအလျောက် ပျက်သွားမယ့် ​Email ကိုသုံးချင်တယ်ဆိုရင် Temp Mail ကိုသုံးနိုင်ပါတယ်။ ဒီ App ကလည်း အခမဲ့ပါပဲ။

၃. Cleanfox

ကိုယ့်ရဲ့ Email မှာ Subscription တွေ လျောက်လုပ်ထားမိပြီး Spam Mail တွေပြည့်နေရင် ဒီ App ကို Download ဆွဲပြီး ကိုယ့်ရဲ့ Email Sign In ဝင်ပြီး Subscription လုပ်ထားတဲ့ Service တွေကို လွယ်လွယ်လေး Unsubscribe လုပ်လို့ရပါတယ်။ အသုံးပြုခကလည်း အခမဲ့ဖြစ်ပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

စမ်းသုံးကြည့်သင့်တဲ့ Free Music Player 3 ခု

Next
Next

အားသွင်းကြိုး တစ်လွဲမဝယ်မိပဲ ဂျင်းထည့်ခံရတာတွေရှောင်နိုင်ဖို့ဆိုရင်