စမ်းသုံးကြည့်သင့်တဲ့ Free Music Player 3 ခု

ဒီနေ့ခေတ်မှာ Music Streaming ခေတ်စားနေပေမယ့် အိမ်က အင်တာနက်ကောင်းကောင်းမသုံးတတ်တဲ့ လူကြီးတွေဖို့ သီချင်းနားထောင်ချင်တာဖြစ်ဖြစ်၊ တရားနာချင်တာဖြစ်ဖြစ် Music Player ကလိုအပ်လာပါတယ်။ ခုခေတ်မှာလည်း ဖုန်းတွေမှာ ပါဝင်တဲ့ Music Player တွေက Ads တွေပါ၊ တရုတ်စာတွေကများ သုံးရတာမလွယ်ဘူးလို့ ခံစားရတဲ့အခါ ဒီ App တွေကို စမ်းသုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။

၁. AIMP

ဒီ App ကတော့ အသုံးပြုခွင့် အခမဲ့ဖြစ်ပါတယ်။ အခမဲ့ဖြစ်ပေမယ့် FLAC, MP3, M4A စတဲ့ Format ပေါင်းစုံကို ဘာလာလာဒေါင်းပြီး ဖွင့်နိုင်လို့ All in One သုံးလို့ရပါတယ်။ ပိုကောင်းတာက Desktop App လည်းရှိသေးတာပါ။ UI ပိုင်းကလည်း ရှင်းရှင်းလင်းလင်းမို့ လူကြီး၊ လူငယ်မရွေးသုံးရတာ အဆင်ပြေမှာပါ။

၂. Musicolet

ဒီကောင်ကတော့ App က သေးသေးလေးဖြစ်လို့ ဖုန်းမှာ Memory အကြီးကြီး မကုန်ချင်သူတွေအတွက် ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကောင်မှာ ငယ်ငယ်တုန်းက ဆော့ကြတဲ့ သီချင်း Cover မှာ ကိုယ်ကြိုက်တဲ့ ပုံတွေထည့်သွင်းနိုင်တဲ့ Tag Editor လည်းပါလို့ ကလိမယ်ဆို ရှယ်ပါပဲ။

၃. Oto Music

အကြိုက်ဆုံးတစ်ခုလည်းဖြစ်၊ အမြဲသုံးနေကြ Andorid ကိုင်တိုင်း Install လုပ်နေကြ Music Player App လေးဖြစ်ပါတယ်။ ဘာလို့ကြိုက်လဲဆိုရင် Feature တွေအများကြီးပါဝင်တဲ့ ဒီ App မှာ Size က 5MB လောက်ပဲရှိလို့ပါ

၄. Poweramp

ဒီ App မှာတော့ Version 2 ခုရှိပါတယ်။ Free Version​ ရှိသလို၊ လစဥ် ဒေါ်လာ ၄ ကျပ်ပေးပြီး Premium Feature တွေ သုံးနိုင်အောင် လုပ်ပေးတာလည်း ရှိပါတယ်။ Free Version မှာတော့ ရိုးရိုးလုပ်ဆောင်ချက်တွေဖြစ်တဲ့ သီချင်းဖွင့်တာ၊ Tag editor တွေဘာညာ အကုန်လုပ်နိုင်ပြီး၊ Premium မှာတော့ အိမ်မှာ DJ ဖြစ်အောင် ကြိုးစားနေတဲ့ သူတွေအတွက် DJ ပွတ်လို့ရအောင် လုပ်ဆောင်ချက် အပိုတွေပါဝင်ပါတယ်။ တစ်လကို ၁၅၀၀၀ ခွဲလောက်နဲ့ ဒီဂျေဖြစ်နိုင်ပါပြီ :3

၅. Stellio

ဒီ App ကတော့ Minimal Style ကြိုက်တဲ့ ကိုကိုမမတို့အတွက် ထုတ်ပေးထားတာဖြစ်ပါတယ်။ လစဥ်ကြေးပေးသုံးလို့ရင် Ads တွေဖြုတ်ပေးထားပြီး Lyrics တွေလည်း ရှာကြည်လို့ရတဲ့ Feature လေးပါဝင်တာတစ်ခု နှစ်သက်စရာကောင်းပါတယ်။






Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

သင်မသိသေးတဲ့ အမိုက်စား လုပ်ဆောင်ချက်တွေနဲ့ Website များ

Next
Next

စမ်းသုံးကြည့်သင့်တဲ့ Email App များ