ပျောက်ကွယ်သွားတော့မယ့် Barcodes များ

ဆားမပါတဲ့ ဟင်းအမယ်ရှားပါသလို Barcode မပါတဲ့ item ဆိုတာ မိတ်ဆွေရဲ့ အိမ်တွင်းမှာ အတော်လေးရှားပါလိမ့်မယ်။လက်ဆေးဆပ်ပြာတုံးကစပြီး အာကာသယာဥ်တွေထိ ပါဝင်တဲ့ Barcode ဆိုတဲ့ အဖြူနဲ့အနက် အစဥ်းကြောင်း တွေကို ပစ္စည်းရဲ့ အမည်၊ Store တွေမှာဆိုရင် လက်ကျန် Stock၊ ဈေးနှုန်းစတဲ့ အချက်အလက်တွေအပြင် တစ်ခြား Information တွေကို Computer ထဲမှာ သိမ်းဆည်းပြီး လချုပ်၊ နှစ်ချုပ်တွေ တွက်နိုင်ဖို့အတွက် အသုံးပြုကြပါတယ်။

၁၉၇၄, ၂၆ ဂျူလိုင်လ အမေရိကန်နိုင်ငံ Ohio က ပီကေတစ်ခုဟာ ကမ္ဘာ့ပထမဆုံး Barcode သုံးပြီး ရောင်းချခဲ့တဲ့ ပစ္စည်းအဖြစ် မှတ်တမ်းရှိပါတယ်။ Barcode တွေရှိနေလို့ ဒီနေ့ခတ် ဈေးဆိုင်တွေမှာ ရေသန့်ဘူးဝယ်တာကအစ၊ iPhone ဝယ်တဲ့ထိ အရောင်းအဝယ်တွေဟာ ပိုမိုလွယ်ကူနေခဲ့တာဖြစ်ပါတယ်။

ဒါ့ပေမယ့် နှစ် ၅၀ ကျော်အကြာမှာတော့ Barcode တွေကို အနားပေးဖို့ အချိန်ကျလာပြီလားလို့ မေးစရာဖြစ်လာပါပြီ။ Sunrise 2027 လို့ခေါ်တဲ့ Project တစ်ခုဟာ Barcode တွေကိုအနားပေးပြီး ပိုပြီး Information တွေကို အများကြီးသိမ်းဆည်းနိုင်တဲ့ Quick-Responce Code QR Code ကိုအသုံးပြုဖို့ Belgium Based Non-Profit Org တစ်ခုက စတင်နေပြီဖြစ်ပါတယ်။

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

လူမှုကွန်ရက်ကြောင့် ပြောင်းလဲသွားနိုင်တဲ့ အိန္ဒိယမဲရလဒ်များ

Next
Next

ဂျင်းမမိကြစေဖို့...