ဂျင်းမမိကြစေဖို့...

နေ့စဥ်သတင်းပေါင်း သောင်းခြောက်ထောင်တက်နေတဲ့ အင်တာနက်မှာ Meme တွေ၊ တမင်စနောက်တဲ့သတင်းတွေကြားထဲမှာ သတင်းအစစ်အမှန်ကိုပဲ ဖတ်ချင်နေတဲ့လူတွေလည်း ရှိနေမှာပါ။ အီလက်ထရောနစ် ဥပဒေကောင်းကောင်းမရှိသေး၊ အင်တာနက်ကို သုံးခွင့်ရတဲ့အချိန်တိုနေသေးတဲ့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ Click Bait တွေကလည်း ဒုနဲ့ဒေးဆိုတော့ တစ်ကယ်သေချာစဥ်စားမယ်ဆို စိတ်ပျက်စရာကြီးပါ။

ဒါ့ကြောင့် သတင်းတစ်ခုကို မှန်/မှားစစ်ဆေးတဲ့အခါ သတိပြုရမယ့် အချက်တွေကိုပြောပြပါ့မယ်။ ပထမဆုံးအနေနဲ့ အဓိကကျဆုံး အချက် ၂ ခုကတော့ “သတင်းစစ်မှန်မှုရှိမရှိ” နဲ့ “သတင်းရင်းမြစ်က ယုံရမယုံရ" ပဲဖြစ်ပါတယ်။

တစ်ကယ်လို့ သတင်းတစ်ခုကို တွေ့တဲ့အခါ

၁။ သတင်းရင်းမြစ်က ယုံကြည်ရပြီး သတင်းမှန်တွေကိုပဲ တင်နေတဲ့ သတင်းဌာန တွေကိုပဲ ဖတ်ဖို့ဖြစ်ပါတယ်။

၂။ သတင်းတစ်ခုကို ကြားလိုက်တဲ့အခါမှာလည်း နောက်ထပ် ယုံရတဲ့ သတင်းဌာန အနည်းဆုံး ၂ ခုလောက်နဲ့ ထပ်ပြီး တိုက်ဆိုက်စစ်ဆေးဖို့လိုပါတယ်။

၃။ သတင်းဟောင်း၊ ပုံအဟောင်းတွေနဲ့လည်း Click Bait တွေထွက်လာနိုင်တာမို့ အချိန်နဲ့ ရက်စွဲကို စစ်ဆေးတာမျိုး၊ Google Lens နဲ့ Reverse Image Search လုပ်ပါ။

၄။ ခုခေတ်က AI တွေကလည်းကောင်းလာလို့ ပုံတစ်ပုံလောက်မြင်ရယုံနဲ့ သတင်းကိုမယုံဖို့လည်း လိုပါသေးတယ်။

၅။ နောက်ဆုံးတစ်ခုကတော့ Critical Thinking သုံးပြီး တွေးခေါ်စဉ်းစားဖို့ပါ။ ပုံတစ်ပုံ၊ သတင်းတစ်ပုဒ်ကို မယုံခင်မှာ သေချာအချိန်ယူစဉ်းစားသင့်ပါတယ်။

အပေါ်ကအချက်တွေနဲ့ဆို သတင်းတစ်ပုဒ်ကို အတုအစစ်ခွဲဖို့ အတန်အသင့်လုံလောက်ပါပြီ။

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ပျောက်ကွယ်သွားတော့မယ့် Barcodes များ

Next
Next

Social Media အကောင့်တွေ လုံခြုံဖို့အတွက်ဆိုရင်