ကိုယ်နဲ့ကိုက်ညီမှုရှိတဲ့ Chair ဘယ်လိုရွေးကြမလဲ

Ergonomic လား။ Gaming လား။ Premium Office Chair လား။ ????

တစ်ကယ်တော့ ကိုယ်နဲ့အဆင်ပြေတဲ့ ထိုင်ခုံရွေးမယ်ဆိုရင် ကိုယ်အလုပ်လုပ်မယ့်၊ ကိုယ်သုံးမယ့် ထိုင်ခံပတ်ဝန်းကျင်က ဘယ်လိုမျိုး အနေအထားလဲ။ ပူတဲ့နေရာလား။ အေးတဲ့ရာသီဥတုလား။ သုံးမယ့် Budget စတဲ့စတဲ့ လားပေါင်းများစွာကို ထည့်တွက်ရပါတယ်။ ဈေးမသေးရတဲ့အထဲ ဝယ်ပြီးရင် နှစ်နဲ့ချီပြီး ကိုယ့်ဖင်နဲ့ကပ်နေမယ့်ကောင်ကို အဆင်ပြေပြေနဲ့ ကိုယ်နဲ့အသင့်တော်ဆုံးဖြစ်အောင် ရွေးနိုင်မှ တော်ကာကျမယ်လို့ ထင်ပါတယ်။

Ergonomic Chairs တွေဟာ လူကိုအသက်သာဆုံးဖြစ်အောင် ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ အဲ့တော့ Cushion Support တွေမိုက်မယ်။ ညောင်းညာတာမဖြစ်အောင် အတတ်နိုင်ဆုံး ဒီဇိုင်းထုတ်ထားတယ်။ အဓိကအားဖြင့် ကျောနာတာမျိုးမဖြစ်အောင်ကာကွယ်ပေးတယ်။ Design ကလည်းအများအားဖြင့် Minimal နဲ့ Aesthetics ဖြစ်တယ်လို့ ပြောလို့ရတဲ့ ဒီဇိုင်းတွေများပါတယ်။ ဖင်မပူအောင်လို့ Cushion တွေကလည်း Leather မဟုတ်ပဲ Foam ပုံစံ Cushion တွေလာလေ့ရှိပါတယ်။

Gaming Chairs တွေကတော့ Gamer တွေအများစုက Screen ရှေ့မှာ နာရီဆယ်နဲ့ချီထိုင်တတ်ကြတာမို့ ခုံပေါ်မှာ ခဏတစ်ဖြုတ် လှဲတာမျိုး၊ နောက်ကို လျဲလျောင်းပြီး ထိုင်လို့ရအောင် Backrest၊ Armrest တွေက အကြီးကြီးတွေဖြစ်သလို၊ Seating ကလည်းအကြီးကြီးတွေနဲ့လာတတ်ပါတယ်။ ပြီးတတော့ အရောင်တွေလည်း မျိုးစုံထွက်သလို၊ Leather Seating တွေများပါတယ််။ Game ဆော့ရင် AC ရှိတဲ့ အခန်းထဲမှာ အခန်းအောင်းဆော့တတ်တာမို့ Leather Seating တွေနဲ့ ခန့်ခန့်ထည်ထည် လေးလေးပင်ပင် ဒီဇိုင်းတွေပါ။

Office Chairs တွေကတော့ နေ့စဥ် ရုံးသုံးဖြစ်တဲ့အတွက် ကြီးကြီးမားမား အထူးပြုလုပ်ထားတာတွေမရှိသလို၊ Portable ဖြစ်ပြီး နေရာများများ မယူတဲ့ ထိုင်ခုံတွေများပါတယ်။ ရုံးသုံးခုံတွေမှာတော့ ဈေးအပေါ်ကိုလိုက်ပြီး Quality တွေကွာသွားပါတယ်။

မီးပျက်တဲ့ မီးမမှန်တဲ့နေရာနဲ့၊ ရာသီဥတုပူတဲ့ဒေသက လူတွေအတွက် Gaming Chair ဝယ်ဖို့အားမပေးသလို၊ ခါးနာတတ်သူတွေ၊ Sitting Position ကိုအလေးထားသူ၊ မကြာခဏ ညောင်းညာတတ်သူတွေအတွက် Ergonomic Chair တွေကို ရွေးသင့်ပါတယ်။ ကိုယ့်အတွက် သင့်တော်တဲ့ခုံရွေးချင်တယ်ဆိုရင် အကောင်းဆုံးကတော့ ရောင်းတဲ့ဆိုင်ကိုသွား ကိုယ်နဲ့အဆင်ပြေမပြေ၊ စမ်းထိုင်ကြည့်ပြီးမှ ရွေးတာအကောင်းဆုံးပါလို့ပဲ ပြောချင်ပါတယ်။

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ကျောင်းသားတွေ သုံးကြည့်ရမယ့် Ai Tools ၅ ခု

Next
Next

သတင်းတုတွေက ဘယ်လောက်ထိ အရာရောက်လဲ