Google Pixel Fold လာတော့မှာမဟုတ်

Samsung ရဲ့ foldable smartphone တွေအောင်မြင်လာပြီးနောက် company တော်တော်များများဟာလဲ foldable trend နောက်ကိုလိုက်လာကြပါတယ်။ ဒီထဲမှာ Google လဲပါခဲ့ပုံပါပဲ။ DSCC (Digital Supply Chain Consultants) ရဲ့ report အရ Google ဟာ သူ့ ရဲ့ supply chains တွေကို Pixel Fold ကို cancel လိုက်ပြီဖြစ်ကြောင်းကို အတည်ပြုပေးလိုက်ပါတယ်။ 

report အရ Google ဟာ၄င်းတို့ရဲ့ Pixel Fold ကို 2021 စျေးကွက်အတွင်းမဖြန့်ချိတော့ဖို့ဆုံးဖြတ်လိုက်ကြောင်းနဲ့ ခုလိုဆုံးဖြတ်ရတာဟာ Pixel Fold ဟာထင်သလောက် ပြိုင်ဖက် foldable phone တွေနဲ့ယှဥ်ပြိုင်နိုင်မှာမဟုတ်ဘူးလို့ယုံကြည်တာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ Google အနေနဲ့ သူတို့ကိုယ်ပိုင် foldable device တစ်ခုကိုဖန်တီးနေတယ်လို့ ဘယ်တုန်းကမှအတည်မပြုခဲ့ဖူးပေမယ့် ခုလိုမျိုး cancel လုပ်လိုက်တဲ့အကြောင်းကိုထုတ်ပြောလာတာဟာ အံ့အားသင့်စရာတော့ကောင်းပါတယ်။ ခုလို cancel ဖြစ်ရတဲ့နောက်တစ်ချက်ကတော့ foldable phone တွေမှာသုံးရမယ့် component တွေရဲ့စျေးတွေကြီးမြင့်လာတာကြောင့်လဲဖြစ်နိုင်ပါတယ်။  Samsung ဟာပြီးခဲ့တဲ့ October လကစပြီး Google အပါအ၀င် Vivo နဲ့ Xiaomi တို့အတွက် foldable display တွေထုတ်ရောင်းမယ့်အကြောင်းကို June လကကြေငြာခဲ့တဲ့အတွက် Vivo နဲ့ Xiaomi တို့ရဲ့ foldable phone တွေကိုတော့ထပ်တွေ့ရဖို့ရှိပါတယ်။

Previous
Previous

လူထုအကျိုးပြုလုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်လျက်ရှိတဲ့ Samsung ရဲ့ CSR Programs များအကြောင်း

Next
Next

ကမ္ဘာကျော် TIME မဂ္ဂဇင်းမှ ရွေးချယ်သည့် ၂၀၂၁ ခုနှစ်၏ အကောင်းဆုံး တီထွင်ဆန်းသစ်မှု ၁၀၀ (The Best Innovations of 2021) စာရင်း တွင် Samsung Galaxy Z Flip3 ပါဝင်