Smartphone Industry တွင် ပထမဆုံး နည်းပညာအသစ် ၃ ခု ပါဝင်လာမည့် “Style သစ်လွင် Selfie ဘုရင်” OPPO F21 Pro
ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်သော OPPO မှ “Style သစ်လွင် Selfie ဘုရင်” ဟူသော ဆောင်ပုဒ်နှင့်အတူ Smartphone Industry တွင် ပထမဆုံး နည်းပညာအသစ် ၃ ခု ဖြစ်သည့် Fiberglass-Leather Design၊ SONY Ultra-sensing IMX 709 Sensor Selfie Camera နှင့် Microlens တို့ ပါဝင်လာမည့် OPPO F21 Pro ကို မေလ (၁၇) ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံတွင် ၆၂၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါ OPPO F21 Pro ကို ညနေနေဝင်ဆည်းဆာကို မြင်တွေ့ရသည့်အတိုင်း ခံစားရစေမည့် Sunset Orange ဟူသော လိမ္မော်ရောင်နှင့် ထူးခြားသည့် OPPO Glow ဖြင့် Premium ဆန်သည့် ခံစားချက်ကို ရရှိစေမည့် Cosmic Black ဟူ၍ အရောင် နှစ်ရောင် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပြီး ဝယ်ယူကြသော Customer များကို OPPO မှ လက်ဆောင်အဖြစ် Smart Wireless Desktop Speaker ကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
OPPO F21 Pro ကိုယ်ထည်ကို ပါးလွှာကျစ်လစ်သည့် Ultra-Slim Flat-Edged Design ဖြင့် ထုတ်လုပ်ထားပြီး စတိုင်ကျစေသည့် သစ်လွင်သော ဒီဇိုင်းများဖြင့် ဖန်တီးထုတ်လုပ်ထားသည်။ ဒီဇိုင်းပိုင်းတွင် အသုံးပြုသူများ နှစ်ခြိုက် စေမည့် အရောင်နဲ့ ဒီဇိုင်းများကို အရည်အသွေးမြင့်ပြီး အကြမ်းခံသည့် ပုံစံဖြင့် ထုတ်လုပ်ပေးထားသည်။ Sunset Orange အရောင်သည် မြန်မာနိုင်ငံရှိ Smartphone Industry တွင် ပထမဦးဆုံး Fiberglass-leather ဒီဇိုင်းဖြင့် ဝင်ရောက်လာသော Smartphone ဖြစ်သည်။ နောက်ကျောဘက် ကာဗာကို အကြမ်းခံနိုင်ပြီး လက်ဗွေရာ၊ အစင်းရာ မထင်သည့် Fiberglass-Leather Texture ကို အသုံးပြုပေးထားသည်။ ဘေးဘောင်များကိုလည်း Metal Frame ကို လေးထောင့်ကျသည့် Flat-edge ဒီဇိုင်းဖြင့် ဖန်တီးပေးထားသည့်အတွက် Premium ဆန်သော Look ကို ရရှိနိုင်မည် ဖြစ်သည်။ ထို Fiberglass-Leather Design သည် ဂျင်းနှင့် ပွတ်တိုက်စမ်းသပ်မှု အကြိမ် နှစ်သိန်းခန့်နှင့် ခဲဖျက်ဖြင့် ပွတ်တိုက်စမ်းသပ်မှု အကြိမ် တစ်သောင်းတို့အပြင် အရက်ပြန်ဖြင့် ပွတ်တိုက်မှု အကြိမ် ၅ ထောင်တို့ကို အောင်မြင်ထားပြီးဖြစ်သည်။။ OPPO F21 Pro Sunset Orange အရောင်သည် အလေးချိန် 175g နှင့် အထူ 7.54mm သာရှိပြီး OPPO F21 Pro Cosmic Black အရောင်သည် အလေးချိန် 175g နှင့် အထူ 7.49mm သာရှိတာကြောင့် လက်ဖဝါးနှင့် အံကိုက်ပြီး ပေါ့ပါးကျစ်လစ်သော Hand Feeling ကိုလည်းပေးစွမ်းနိုင်မည်ဖြစ်သည်။
ထူးခြားချက်တစ်ခုအနေဖြင့် Style သစ်လွင် Selfie ဘုရင် OPPO F21 Pro သည် မြန်မာနိုင်ငံရှိ Smartphone Industry တွင် OPPO နှင့် Sony တို့ အထူးတီထွင်ဖန်တီးထားတဲ့ ပထမဆုံးသော IMX 709 Hardware sensor Selfie Camera ပါဝင်လာသည့် ပထမဦးဆုံးဖုန်းဖြစ်သည်။ ထို Sensor သည် အလင်းအာရုံခံကိရိယာ ၁၆ ခုပါဝင်သာ RGBW Sensor ဖြစ်သည့်အတွက် အလင်းရောင်မှိန်သည့် ပတ်ဝန်းကျင်များတွင်လည်း ပိုမိုလင်းစေပြီး အသေးစိတ်ကျသည့် ဓာတ်ပုံရုပ်ထွက်များကို ရရှိစေမည်ဖြစ်သည်။ အခြား Camera Features များအနေနှင့် Bokeh Flare Portrait, AI Enhancement နှင့် Ultra Clear 108 MP အရည်အသွေးရှိသော ဓာတ်ပုံများကိုလည်း ရိုက်ကူးနိုင်မည်ဖြစ်သည်။
OPPO F21 Pro တွင် မြန်မာနိုင်ငံ၌ ပထမဆုံး Zoom အဆ ၃၀ ထိ ပြုလုပ်ရိုက်ကူးနိုင်တဲ့ Microlens လည်း ပါဝင်လာသည့်အတွက် မိမိတို့ နေ့စဉ်ဘဝတွင် အလွယ်တကူ မမြင်နိုင်သော အလွန်သေးငယ်သည့်အရာများကိုလည်း Microscope ဖြင့် ကြည့်သကဲ့သို့ Microlens ကို အသုံးပြုပြီး စူးစမ်းလေ့လာနိုင်မည်ဖြစ်သည်။ Microlens ကို အသုံးပြုပြီး ဓာတ်ပုံသာမက Video လည်း ရိုက်ကူးနိုင်မည်ဖြစ်သည်။ တစ်ကျော့ပြန် Selfie ဘုရင်ဟု ဆိုရလောက်အောင် အရည်အသွေးကောင်းမွန်သော 32 MP Selfie Camera တွင် Selfie Portrait Function အပြင် အလင်းအမှောင်ကို ချိန်ညှိပေးပြီး အလင်းလွန်ကဲမှုကို လျှော့ချပေးသော HDR လည်း ပါဝင်လာသည်။ အနောက်ဖက် ကင်မရာများအနေဖြင့် 64 MP Main Camera, 2MP Depth Camera နှင့် 2MP Microlens တို့ကို Triple Camera Setup အနေဖြင့် အသုံးပြုပေးထားသည့်အတွက် ကြည်လင်ပြတ်သားပြီး ရုပ်ထွက်ကောင်းမွန်သော Image Quality ကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ OPPO F21 Pro တွင် အနောက် အောက်ဘက် Microlens Camera တွင် အသက်ရှူထုတ်သည့်ပုံအတိုင်း မီးလင်းသော Orbit Breathing Light Feature လည်း ပါဝင်လာသည်။ ထိုမီးရောင်သည် ဖုန်းအားသွင်းချိန် ၊ Microlens အသုံးပြုချိန် ၊ Game စတင်ဆော့သည့်အချိန် ၊ အဝင် call များ ၊ SMS ဝင်သည့်အခါများတွင် မီးလင်းအချက်ပြမည်ဖြစ်သည်။
Style သစ်လွင် Selfie ဘုရင် OPPO F21 Pro ၏ Screen Size သည် 6.4” ဖြစ်ပြီး AMOLED Punch-Hole Display ကို အသုံးပြုထားသောကြောင့် ကြည့်ရှုအသုံးပြုသည့်အခါ ကောင်းမွန်သော ရုပ်ထွက်ကို ခံစားနိုင်မည်ဖြစ်သည်။ ထို့အပြင် 90Hz Screen Refresh Rate နှင့် တွဲဖက်ပေးထားသောကြောင့် ဖုန်းအသုံးပြုရာတွင် လျင်မြန်ချောမွေ့စေပြီး ကောင်းမွန်သည့် မျက်နှာပြင် ထိတွေ့ခံစားမှုကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ ထို့အပြင် ဖုန်း Screen မှ ထွက်သည့် မျက်လုံးကို ထိခိုက်စေနိုင်သည့် အပြာရောင်အလင်းတန်းတွေကိုလည်း လျှေ့ာချပေးနိုင်သော Eye Care Display ဖြစ်သည့်အတွက် ဖုန်း Screen ကို ကြည့်သည့်အခါ မျက်လုံးကို ထိခိုက်မှု မရှိအောင် ကာကွယ်ပေးသွားမည်ဖြစ်သည်။
OPPO F21 Pro တွင် ကြာရှည်အသုံးခံသည့် ကြီးမားသော 4500mAh Battery နှင့် ဗို့အားနည်း အားသွင်းမြန် စနစ်ဖြစ်သည့် 33W SUPERVOOC အမြန်အားသွင်းစနစ်ပါဝင်ပြီး Five Layer Protection စနစ် ထည့်သွင်းပေး ထားသည်။ မိနစ် ၃၀ အားသွင်းရုံနှင့် ၅၈% ထိ အားဖြည့်သွင်းနိုင်မည်ဖြစ်ပြီး တစ်နာရီအတွင်း အားအပြည့် သွင်းနိုင်မည် ဖြစ်ကာ ၅ မိနစ်အားသွင်းပြီး မိနစ် ၁၆၀ ဖုန်းပြောနိုင်သလို ၅မိနစ် အားသွင်းပြီးလျှင် ၂ နာရီအထိ Game ကစားနိုင်မည်ဖြစ်သည်။
OPPO F21 Pro တွင် RAM 8GB နှင့် ROM 128GB ပါဝင်ပြီး Qualcomm Snapdragon 680 6nm ထည့်သွင်း ထားသည့်အတွက် ပိုမိုကောင်းမွန်သော ဖုန်းသုံးစွဲမှု အတွေ့အကြုံကိုလည်း အသုံးပြုသူတို့ ခံစားတွေ့ကြုံနိုင်မည် ဖြစ်သည်။ RAM Expansion ထည့်သွင်းထားသည့်အတွက် မူလ RAM 8GB ကို Up to 5GB ထိ တိုးချဲ့အသုံးပြုနိုင်မည် ဖြစ်သည်။ AI System Booster ပါဝင်သည့်အတွက် ၁၀% သွက်လက်မှုတိုးတက်ခြင်း၊ ၂၀% Background သုံးစွဲမှု တိုးတက်စေခြင်း၊ ၃၀% RAM နေရာယူမှုရှိသည့်အတွက် သီးသန့် စနစ်ဖြင့် ပိုမိုကောင်းမွန်အောင်ပြုလုပ်ထားသည်။ အချိန်တိုင်း သွက်လက်သော အတွေ့အကြုံကို ပေးစွမ်းနိုင်ဖို့အတွက် OPPO F21 Pro တွင် Android Version 12 ကို အခြေခံထားသော OPPO ၏ ကိုယ်ပိုင် OS ဖြစ်သည့် နောက်ဆုံးပေါ် ColorOS Version 12 ကို အသုံးပြုထားသည်။ အဆိုပါ ColorOS 12 တွင် အသုံးဝင်တဲ့ Feature များဖြစ်သည့် ဖုန်း Screen ကို လက်ဖြင့် ထိတွေ့စရာ မလိုဘဲ လေထဲကနေ လက်ဟန်ပြပြီး အသုံးပြုနိုင်သော Air Gesture၊ ဓာတ်ပုံတွေပေါ်မှာရှိသည့် ဘာသာပြန်လိုသည့် စာသားတွေကို ဘာသာပြန်ပေးနိုင်သော Screen Translate စသည့် Feature များလည်း ပါဝင်သည်။
OPPO F21 Pro ကို မေလ (၁၇) ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိ OPPO အရောင်းကောင်တာများတွင် ၆၂၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။
OPPO အကြောင်း
OPPO သည် ကမ္ဘာ့ထိပ်တန်း Smart Device အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ၎င်း၏ ပထမဆုံး မိုဘိုင်းလ်ဖုန်းဖြစ်သည့် “Smiley Face” ကို ၂၀၀၈ ခုနှစ်တွင် စတင်ရောင်းချချိန်မှ စ၍ OPPO သည် လှပကြော့ရှင်းသည့် ဒီဇိုင်းများနှင့် ဆန်းသစ်သည့် နည်းပညာများ၏ ပြီးပြည့်စုံသော ပေါင်းစပ်မှုကို ပေးစွမ်းနိုင်ရန် အမြဲကြိုးစားလျက်ရှိသည်။ ယနေ့တွင် OPPO သည် Find series နှင့် Reno series များကို ဦးဆောင်တီထွင်ထုတ်လုပ်နေသည်သာမက အခြားသော Smart Devices များစွာကိုလည်း ဖန်တီးထုတ်လုပ်ပေးလျက်ရှိသည်။ Smart Devices များအပြင် OPPO သည် ၎င်း၏ အသုံးပြုသူများအတွက် ColorOS လည်ပတ်မှုစနစ်နှင့် OPPO Cloud နှင့် OPPO+ ကဲ့သို့သော အင်တာနက်ဝန်ဆောင်မှုများကို တပ်ဆင်ပေးလျက်ရှိသည်။ OPPO သည် နိုင်ငံနှင့် ဒေသပေါင်း ၅၀ ကျော်တွင် ဝန်ထမ်း ၄၀,၀၀၀ ကျော်ဖြင့် လည်ပတ်နေပြီး ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော ဘဝများ ဖန်တီးပေးနိုင်ရန် အားထုတ်ကြိုးပမ်းလျက်ရှိသည်။