Never Settle or Settled?

ဒီစာကို မဖတ်ခင် ကြိုတင်ပြောထားတာက ဒီ Article ဟာ ကျွန်တော်ကိုယ်တိုင် OnePlus ကိုစတင် စိတ်ဝင်စား ရူးသွပ်ခဲ့ရချိန်ကနေ ခုနောက်ဆုံး ဖုန်းမလဲခင် ရေးထားတဲဲ့ အမြင်ပဲဖြစ်ပါတယ်။ End-user သဘောမျိုးလည်းဖြစ်ပါတယ်။ Never Settle ကနေ တစ်ဖြည်းဖြည်း Settle လာသလားဆိုတာ ပြန်ပြန်မေးနေရတဲ့ အချိန်ပါ။

OnePlus ကိုမသုံးဖူးခင် Nokia, Huawei, နောက်ဆုံး Xiaomi ကိုင်ဖြစ်ခဲ့ပါတယ်။ Xiaomi ဆိုတာက ဈေးလည်းသက်သာ၊ Price to Performance လည်း အတော်လေး ကောင်းတဲ့ဖုန်းဆိုပါတော့...။ နောက်ဆုံးသုံးတဲ့ ဖုန်းက Xiaomi Note 3 Pro ပါ။ တော်တော်လေး လှပြီး One-handed ကောင်းတဲ့ဖုန်း၊ Night Mode လည်းလှတယ်။

အဲ့လိုနဲ့ 2016 တစ်ရက် OnePlus 3T ဆိုတာကို စတင်ကြားဖူးလာတယ်။ Mi Note 3 Pro နဲ့ ဒီဇိုင်းလည်း အရမ်းမကွာ၊ Display ကလည်းရှယ်မိုက်၊ အကြိုက်ဆုံးကတော့ ကိုယ်အရမ်းအထင်ကြီးထားတဲ့ Note 3 Pro ထက် Night Mode က အတော်လေး မိုက်နေတာ၊ အဲ့တာကနေစပြီး OnePlus က ရင်ထဲမှာ မသိမသာနေရာယူလာတယ်။ Feature တွေအတော်လေး စုံအောင် Bloatware တွေစုံအောင် ထည့်ပေးထားတဲ့ Xiaomi ထက် Pure Android အရသာကို ပေါ့ပေါ့ပါးပါး ပေးနိုင်တဲ့ Oxygen Os ကိုလည်း သဘောကျတယ်။ မှတ်မှတ်ရရ အဲ့တုန်းက Xiaomi က သူ့ App တွေထဲမှာ ကြော်ငြာတွေ စထည့်တုန်းဆိုတော့ ဘာမှမပါတဲ့ OnePlus ကိုပိုသဘောကျဖြစ်တယ်။

အဲ့တာနဲ့ မဝယ်နိုင်သေးပဲ သူများတွေ ကိုင်နေတာကို လိုက်ငေးနေတုန်း OnePlus 5 Series ထွက်လာပါလေရော။ AMOLED ကိုလည်း အဲ့အချိန်မှာ အသေကြွေနေပြီ။ AOD တွေဘာတွေ မရတာတော့ အဲ့တုန်းက သိပ်သတိမထားသေးဘူး။ အဲ့လိုနဲ့ OnePlus 5 မှာတော့ ထူးထူးခြားခြား ကြိုက်တာမရှိသေးဘူး။ Screen Size ပိုကြီးလာတယ်။ Processing Speed လည်းကောင်းလာတယ်။ မြန်မာမှာ သုံးတဲ့သူတွေ နည်းနည်းများလာပြီ။

အဲ့အချိန် OnePlus 6 Series မှာ Design တွေပြောင်း Notch တွေဖြစ်သွားတော့ အရူးအမူးပဲ 6T ရဲ့ Under-Display Fingerprint မှာလည်းကြွေ(အဲ့တုန်းက Under-Display Fingerprint တွေခေတ်စားနေပြီ)။ Night Mode ကလည်း Qualcomm 845 နဲ့ Camera Optimization ကလည်းကောင်းတော့ ရရင်လိုချင်ခဲ့တာပေါ့။ လူတိုင်းကလည်း 6T ကိုကိုင်နေကြပြီ။ မှတ်မှတ်ရရ တရုတ်က အဝယ်တော်တွေလည်း အဲ့တုန်းက အတော်လေး ခြေရှုပ်နေကြပြီ။ ဈေးကလည်း မသေးတော့ဘူး။ ဒါပေမယ့် Flagship Killer တော့ဖြစ်နေတုန်းပဲ။

တစ်ကယ် OnePlus ကိုကိုင်ဖြစ်တာက OnePlus 7 Series မှာစကိုင်တာ။ OnePlus 7T။ OnePlus ဖုန်းတွေထဲမှာ Fingerprint Unlock အမြန်ဆုံးလို့ဆိုလို့ရမယ်။ Camera လည်း တစ်ခြား Lineup နဲ့ မတူပဲ ကြည့်လိုက်တာနဲ့ 7T မှန်းသိသာတယ်။ ဘေးဘောင် ခုံးတာမကြိုက်တဲ့ ကိုယ့်အတွက် ကွက်တိ။ Notch လည်းပျောက် Water-drop နဲ့ဖြစ်သွားပြီ။ Display ကလည်း Fluid Amoled 90Hz refrsh rate ကလည်း အသားကုန်မိုက်။ သုံးရတာပျော်ဖို့ကောင်းတယ်ဆိုတဲ့ ခံစားချက်ကို အပြည့်ပေးတယ်။ Charging ကလည်း ကောင်းချက် Warp Charge 30T နဲ့ကိုး။ 7T လေးနဲ့က ရေစက်တော့ကုန်သွားတယ်။ ဖုန်းမပျောက်ဖူးတဲ့လူ ဖုန်းခိုးခံလိုက်ရတယ် :3။

အဲ့တာပြီးတော့ Oxygen OS 11 ထွက်လာတော့ နည်းနည်း အောင့်သပ်သပ်ဖြစ်လာရပြီ။ တစ်ဖြည်းဖြည်းနဲ့ OS 11 က Color Os ဆန်လာတယ်။ Setting တွေလည်း ရှုပ်ကုန်တယ်။ မလိုတဲ့ Bloatware တွေပါလာတယ်။ Update Patch လည်း နောက်ကျလာရော။ အဲ့တာပြီးတဲ့နောက် OnePlus 8 Series မှာတော့ ဆရာသမားက သူ့ကိုယ်သူပြန် Kill သွားပါတယ်။ ဈေးတွေလည်း မြောက်၊ OnePlus 8 Pro မှာ Color Filter ကြောင့် သတင်းတွေတက်လာပေမယ့် ဘာမှလည်း ထူးထူးခြားခြား မဟုတ်ခဲ့ပါဘူး။

နောက်ပိုင်း Oxygen Os 12 မှာတော့ Pure Os ဆိုတဲ့အရသာ ပျောက်သွားပြီး လုံးဝ Color Os ဖြစ်သွားပါတယ်။ Main Security Patch တွေလည်း နောက်ကျသလို Lineup တွေလည်း ရှုပ်နေအောင် ထွက်လာပါတယ်။ အဲ့အချိန်မှာ OnePlus ကို အတော်လေး မသုံးချင်တော့ပဲ iOS ဖက်ကို ကူးဖို့ စိတ်ကူးခဲ့ပါတယ်။ နောက်ပိုင်းထွက်တဲ့ OnePlus 9,10 တွေဆိုရင် သေချာလိုက်မကြည့်ဖြစ်တော့တဲ့ထိ မHypeတော့တာပါ။

တစ်ဖြည်းဖြည်းနဲ့ Gimmick ဖြစ်လာတဲ့ Features တွေ၊ Bugs တွေ၊ မလိုအပ်တဲ့ Features တွေကို အတင်းထည့်လာရာကနေ Xiaomi Flow အတိုင်းဖြစ်သွားတယ်လို့ ခံစားရပါတယ်။ နောက်ပိုင်း OnePlus အနေနဲ့ Fan Meeting တွေလုပ်ပြီး ထိန်းဖို့ ကြိုးစားပေမယ့် ဘာမှရေရာတဲ့ အဖြေမပေးနိုင်ခဲ့တာမို့ လက်လျော့ဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။

ကုမ္ပဏီချင်းပေါင်းသွားတဲ့အခါ Dev တွေပေါင်းလိုက်တာ၊ ပိုက်ဆံအကုန်မခံတော့တာမျိုးတွေ၊ Flagship Killer ကနေ Flagship ဖြစ်သွားတာတွေအတွက်တော့ စိတ်မကောင်းတာအမှန်ပါ။ OnePlus ကို အစောပိုင်းကတည်းက ရူးသွပ်သူတွေလည်း မကြည်ကြပါဘူး။ ခုတော့ မြန်မာနိုင်ငံကို OnePlus Official ဝင်လာပါတယ်။ OnePlus 10 Pro လည်း အရမ်းကောင်းတယ်လို့ သတင်းတွေ ဖတ်ရပေမယ့် သေချာမစမ်းဖူလို့ ပြောဖို့တော့ခက်ပါတယ်။

အနှစ်ချုပ်ရရင်၂၀၁၈ လောက်အချိန်တွေက OnePlus ကို ပြန်သုံးချင်ပါသေးတယ်။ မဟုတ်ရင်တော့ ခုသုံးနေတဲ့ OnePlus 8 လေးပြီးရင် iOS သွားရမလားလို့ စဥ်းစားနေရင်း.....

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Smartphone Industry တွင် ပထမဆုံး နည်းပညာအသစ် ၃ ခု ပါဝင်လာမည့် “Style သစ်လွင် Selfie ဘုရင်” OPPO F21 Pro

Next
Next

Samsung မှ ၎င်း၏ NEO QLED TV 2022 မော်ဒယ်များနှင့် Lifestyle TV မော်ဒယ်များအတွက် Carbon Trust ၏ ကာဗွန်လျှော့ချမှု အသိအမှတ်ပြုလက်မှတ် (Carbon Reduction Certification) များ လက်ခံရရှိ