OpenAI CEO အလုပ်ထုတ်ခံရ

AI ကြောင့်အလုပ်ထုတ်ခံရတာမဟုတ်ပဲ AI နဲ့ပတ်သက်ပြီး တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားအောင် လုပ်နိုင်ခဲ့တဲ့ OpenAI ရဲ့ CEO Sam Altman ကို ဘုတ်ဒါရိုက်တာအဖွဲ့က အလုပ်ထုတ်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ Non Profit ပုံသွားချင် ဘုတ်ဒါရိုက်တာအဖွဲ့က Sam Altman အနေနဲ့ စီးပွားရေးဆန်လာတယ်ဆိုတဲ့ မခိုင်လုံတဲ့ အကြောင်းအရင်းပဲဖြစ်ပါတယ်။ အကျိုးဆက်ကတော့ ဘုတ်ဒါရိုက်တာအဖွဲ့ အလုပ်ပြန်ထုတ်ခံရမယ့်အနေအထားနဲ့ OpenAI မှာ ဒေါ်လာ 10 Billion လောက်ရင်းနှီးထားတဲ့ Microsoft ရှယ်ယာတွေ ဈေးကျနေတာပဲဖြစ်ပါတယ်။

Sam Altman ရဲ့နေရာကိုတော့ OpenAI ရဲ့ CTO Mira Murati ဆိုတဲ့ အမျိုးသမီးကို လောလောဆယ်ခန့်ထားပါတယ်။ အားလုံးက ခုလိုအလုပ်ထုတ်ရတဲ့အကြောင်းကို Microsoft လက်ချက်လို့ထင်ပေမယ့် Microsoft အနေနဲ့ ဒီလိုအလုပ်ထုတ်ကြောင်းကို Public ကိုမကြေငြာခင် မိနစ်ပိုင်းအလိုမှသိခဲ့တဲ့အကြောင်း ဘုတ်ဒါရိုက်တာ အဖွဲ့ထဲမှာလည်း Microsoft မပါဝင်တဲ့အကြောင်းကို ထုတ််ပြောထားပါတယ်။

Sam Altman ကိုအလုပ်ထုတ်ပြီးပြီးချင်မှာပဲ OpenAI ရဲ့အရေးပါတဲ့ အဖွဲ့ဝင်တွေ၊ ပညာရှင်တွေ အလုပ်ထွက်ကုန်လို့ ပြဿနာတွေတက်နေပါတယ်။ Rumors တွေအရတော့ Sam ကိုအလုပ်ပြန်ခန့်ချင်တယ်ဆိုရင် ဘုတ်အဖွဲ့တစ်ခုလုံး အလုပ်ထွက်ရနိုင်ချေရှိပြီး၊ အလုပ်ထွက်သွားတဲ့ ပညာရှင်တွေအကုန် စုပေါင်းပြီး နောက်ထပ် AI ထပ်ထောင်မလား၊ Google, Meta တို့က Sam ကိုအလုပ်လုပ်ဖို့ ခေါ်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Google ကသာခေါ်နိုင်သွားရင် Microsoft ကတော့ နစ်နာဦးမှာ အသေအချာပဲဖြစ်ပါတယ်။

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Play Store ကနေဖြုတ်ချခံထားရတဲ့ Nothing Chats

Next
Next

SideLoading ခွင့်ပြုပေးတော့မယ့် Apple