M2 Chip, Magsafe Charging ပါလာနိုင်မယ့် iPad Pro

Apple အနေနဲ့ iPad Pro Version ကို M2 Chipset သုံးပြီးလာမယ့် September နဲ့ November မှာထုတ်သွားမယ်လို့ ဆိုပါတယ်။ Apple Tracker Gurman က Apple အနေနဲ့ နောက်ပိုင်း iPad တွေအတွက် Major Update တစ်ခုကို ထုတ်ပေးသွားနိုင်ကြောင်းလည်း ပြောခဲ့ပါတယ်။ အဲ့တာကတော့ Magsafe Charging ပဲဖြစ်ပါတယ်။

Gurman ကတော့ တစ်ကယ်သိသာတဲ့ Update တွေ iPad ကိုထည့်ပေးခဲ့တာ 2018 တုန်းကပဲဖြစ်ပါတယ် လေ့ထောင့်ဆန်ပြီး Edge-to-Edge Display, USB-C Connector ကိုထည့်ပေးခဲ့တာ 2018 တုန်းကပဲဖြစ်ပါတယ်။ ခုလိုသိသာတဲ့ Update တွေကို iPad Pro 10.5 ထုတ်အပြီးမှာ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

ခုလည်း Apple အနေနဲ့ နောက်ထပ် Same Pattern Production Timeline ကိုလုပ်ဖို့ စီစဥ်နေတယ်လို့ဆိုပါတယ်။ M1 သုံးထားတဲ့ iPad တွေကို ထုတ်ပေးပြီးတဲ့နောက် တစ်နှစ်ခွဲအကြာမှာ သိသိသာသာ Update လုပ်ထားတဲ့ Feature တွေကို iPad Series ကိုထုတ်ပေးမယ်လို့ ခန့်မှန်းရပါတယ်။

ဒီလအစောပိုင်းကျင်းပခဲ့တဲ့ Apple "Peek Performance" ပွဲအတွင်းမှာတော့ ကုမ္ပဏီအနေနဲ့ နောက်ဆုံးပေါ် iPad Air Model တစ်ခုကို ထုတ်ပြခဲ့ပေမယ့် iPad Pro ကိုတော့ ချန်ထားခဲ့ပါတယ်။ ဒါကြောင့်မို့ ဒီနှစ်ကုန်မှာတော့ iPad Pro ကို Wireless Charging နဲ့မြင်ရနိုင်ခြေရှိပြီး Glass Back နဲ့လည်း မြင်ရနိုင်ချေရှိတယ်လို့ဆိုပါတယ်။ 9to5Mac ကနေရထားတဲ့ သတင်းတွေအရ Apple အနေနဲ့ Glass Back ကိုမသုံးပဲ Aluminum ကိုပဲသုံးပြီး Apple Logo ကိုပဲ Glass Cover ဖြစ်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် M2 Chip နဲ့ပတ်သတ်ပြီးလည််း ကောလဟာလတွေအများကြီး ထွက်နေပါသေးတယ်။ Apple အနေနဲ့ အတည်မပြုသေးပေမယ့် 8-cores Architecture ကို သုံးထားပြီး သူရဲ့ရှေ့က Chip တွေထက် ပိုပြီးမြန်နေမယ်လို့ ဆိုပါတယ်။ M2 ကို iPad Pro တင်မကပဲ၊ 13-inch Macbook Pro, Mac Mini, 24-inch iMac တို့မှာလည်း အသုံးပြုပြီး ဒီနှစ်ထဲမှာ ထုတ်ပေးသွားဖို့ မျှော်လင့်ရတယ်လို့ ဆိုထားပါတယ်။ Gurman က M2 Chip နဲ့လာမယ်လို့ မျှော်လင့်ထားပေမယ့် Apple Analyst Ming-Chi Kuo ကတော့ M1 လာမယ်လို့ ခန့်မှန်းထားပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

realme 9i ကို မတ်လ (၂၅) ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံး၌ စတင်ရောင်းချပေးခဲ့ရာ ကြိုတင်မှာယူသူများ,များပြားမှုကြောင့် စိတ်ဝင်စားမှုပိုမိုမြင့်တက်လျက်ရှိ

Next
Next

Google Search မှာ Good Review တွေကို ဦးစားပေးပြတော့မယ်