Google Search မှာ Good Review တွေကို ဦးစားပေးပြတော့မယ်

ကျွန်တော်တို့ ပစ္စည်းတစ်ခုခုရဲ့ Feedback ကိုလိုချင်ရင် Google မှာရှာကြည့်လိုက်တဲ့အခါ အရင်တုန်းက Good Review တွေ၊ Bad Review တွေကို ခွဲမပြပဲ ဒီအတိုင်း ပြခဲ့ပါတယ်။ ခုအခါမှာတော့ Google အနေနဲ့ Good Reviews တွေကို Bad Reviews တွေထက်ပိုပြီး အသားပေးဖော်ပြဖို့ စီစဥ်နေတယ်လို့ဆိုပါတယ်။ မနှစ်က Search Result တွေမမှာတော့ Google အနေနဲ့ ပစ္စည်းတစ်ခုကို ရှာလိုက်ရင် သေချာ Review လုပ်မထားတဲ့ content တွေနဲ့ အဆိုပါပစ္စည်းကို ရောင်းချမယ့် တစ်ခြား Link တွေကို အသားပေးဖော်ပြထားခဲ့ပါတယ်။

ခု update မှာတော့ တစ်ကယ့် ကျွမ်းကျင်သူတွေ့ပေးထားတဲ့ Reviews တွေ၊ ရိုးရိုးသာမန် Reviews တွေနဲ့ Scam လုပ်ထားတာတွေကို ခွဲခြားပြီး ပြသွားတော့မယ်လို့ဆိုပါတယ်။ ဒါ့အပြင် Review တွေထဲမှာ မူလထုတ်လုပ်သူကိုတင်မကပဲ တစ်ခြား ရောင်းချသူတွေရဲ့ Link တွေကို ထည့်သွင်းပြပေးတော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဒီပစ္စည်းကို တစ်ကယ်သုံးပြီး စစချင်းရတဲ့ Hand On review ကိုလည်း ပြသပေးဦးမယ်လို့ဆိုပါတယ်။

တစ်ကယ်ကောင်းတဲ့ Review တစ်ခုဆိုတာ ကောင်းတဲ့အချက်တွေကို ပဲ ပြောပြထားတာပဲမဟုတ်ပဲ တစ်ခြား ပစ္စည်းတွေနဲ့ နှိုင်းယှဥ်ပြီး အားသာချက်၊ အားနည်းချက်တွေကို နှိုင်းယှဥ်ပြထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် တစ်ခြား ပြိုင်ဖက်တွေထက် ပိုထူးခြားတဲ့ အချက်တွေကိုလည်း ပြောပြထားနိုင်ရမယ််လို့ Google က သတ်မှတ်ထားပါတယ်။ Google အဓိကအာရုံစိုက်ထားတဲ့ အချက်တွေကတော့ -

1) အသေးစိတ် အချက်အလက်ကျတဲ့ အကြောင်းအရာ၊ သုံးလိုက်တဲ့ရလာနိုင်တဲ့အကျိုးအမြတ်တွေ၊ တစ်ခြား ပစ္စည်းတွေ၊ တစ်ခြား Model, Version တွေထက် ဘယ်လိုပိုကောင်းတယ်ဆိုတာကို သေချာရှင်းပြထားတာ
2) ပစ္စည်းကို တစ်ကယ်သုံးထားတဲ့ သူတွေဆီက အမှန်တစ်ကယ် Honest Review, အင်တာနက်ပေါ်က အချက်အလက််တွေတင်မဟုတ်ပဲ လက်ထဲမှာ တစ်ကယ်ကိုင််သုံးရတဲ့ ခံစားချက်
3) ပစ္စည်းထုတ်လုပ်သူပြောပြထားတဲ့အချက်တင်မကပဲ တစ်ကယ်သုံးလို့သိလာရတဲ့ အကျိုးအမြတ်တွေ၊
4) တစ်ခြားပစ္စည်းတွေ၊ ထုတ်လုပ်သူတွေနဲ့ အကြမ်းဖျဥ်း ယှဥ်ပြထားချက်တွေ

စတဲ့အချက်တွေကို အဓိကကြည့်ပြီး Ranking လုပ်သွားမယ်လို့ Google ကဆိုပါတယ်။

ဒီ Update မှာတော့ အင်္ဂလိပ်လိုလုပ်ထားတဲ့ Review တွေကိုပဲ လုပ်နိုင်ဦးမယ်လို့ဆိုပါတယ်။ တစ်ခြား ဘာသာစကားတွေနဲ့ ပတ်သတ်တာကိုတော့ နောက် Update တွေမှာ စတင်ရရှိမယ်လို့ ဆိုထားပါတယ်။ ဒီလိုလုပ်လိိုက်တဲ့အတွက် Reviewer တွေအတွက်တော့ ဘယ်လိုသက်ရောက်မှုတွေ ရှိလာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး သုံးစွဲသူတွေ၊ Review ကြည့်ပြီးမှ ဈေးဝယ်တတ်သူတွေအတွက်တော့ အတော်လေး အဆင်ပြေသွားပါလိမ့်မယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

M2 Chip, Magsafe Charging ပါလာနိုင်မယ့် iPad Pro

Next
Next

OPPO မှ “အားသွင်းမြန်ဆန် အသုံးခံ” သည့် A Series အသစ် OPPO A76 ကို မကြာမီ မြန်မာနိုင်ငံတွင် မိတ်ဆက်‌ပေးတော့မည်