Google ရဲ့ နောက်ဆုံးထွက် Gemini AI model

Google ရဲ့နောက်ဆုံးထွက် Gemini AI model ကတော့ နှစ်မကူးခင် ထွက်ရှိလာပါပြီ။ Nano, Pro, Ultra ဆိုပြီး Model မျိုးကွဲ ၃ ခုလာပါတယ်။ ကျနော်တို့ကို ပေးသုံးထားတဲ့ Google Bard မှာ Implement လုပ်ထားတဲ့ model က Pro ပဲဖြစ်ပါတယ်။

Nano ကတော့ အသေးဆုံးနဲ့ အမြန်ဆုံးဖြစ်ပြီး Google Pixel 8 မှာသုံးနေတဲ့ Model ပါ။ Pro ကတော့ ခု Google Bard မှာသုံးနေတဲ့ Model ဖြစ်ပြီး Powerful ဖြစ်သလို၊ Task တွေကိုလည်း မျိုးစုံ၊ ကြိုးခုန်နေအောင်လုပ်နိုင်ပါတယ်။ Ultra ကတော့ Public မပေးသေးပဲ ၃ မျိုးထဲမှာPowerful အဖြစ်ဆုံး Model ဖြစ်ပါတယ်။ ပြီးတော့ ဒီ Model ကို Run ဖို့ Infrastructure အကြီးကြီးလည်း လိုမှာပါ။

Gemini ကို Text, Image, Voice, Video စတဲ့ Information အမျိုးမျိုးအတွက် အသုံးပြုနိုင်မှာပါ။ လောလောဆယ်မှာတော့ Google Products တွေဖြစ်တဲ့ Google Docs, Sheets, Slides, Gmail စတဲ့အမျိုးမျိုးသော Product တွေမှာ ပေါင်းစပ်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

စမ်းသပ်ချက်တွေအရ ChatGPT ထက် Performance တွေပိုကောင်းသလို၊ Benchmark တွေလည်း ပိုကောင်းနေပါတယ်။ ကျနော်လည်း ကျနော့်ရဲ့ Academic မှာသုံးကြည့်ရသလောက် ChatGPT ထက် Bard က ပိုပြီးမြန်၊ ပိုပြီးကောင်းနေတာကိုတွေ့ရတာမို့ ChatGPT တင်မဟုတ်ပဲ Google Bard ကိုလည်း စမ်းကြည့်ကြဖို့ အကြံပြုလိုက်ရပါတယ်။

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Next
Next

အစ္စရေးအရေးနဲ့ပတ်သက်ပြီး X ကို အမေရိကန် ဒီမိုကရက်ပါတီဝင်အချို့ စွပ်စွဲ