အစ္စရေးအရေးနဲ့ပတ်သက်ပြီး X ကို အမေရိကန် ဒီမိုကရက်ပါတီဝင်အချို့ စွပ်စွဲ

Hamas Propaganda နဲ့ပတ်သက်ပြီး X အနေနဲ့ ပိုက်ဆံတွေ အကျိုးအမြတ်တွေရနေတယ်လို့ အမေရိကန် ဒီမိုကရက်တွေက လက်မှတ်ထိုးပြီး စွပ်စွဲနေပါတယ်။ Twitter Paid အကောင့်တွေကနေတစ်ဆင့် မမှန်တဲ့သတင်းတွေနဲ့ အကြမ်းဖက်သတင်းတွေကို ဖြန့်ဝေခွင့်ပြုနေတာဖြစ်တယ်လို့ ဒီမိုကရက်ပါတီဝင် House Memebers ၂၀ ခန့်က လက်မှတ်ထိုးပြီး X ကိုစာပို့ခဲ့ပါတယ်။

အဓိကကတော့ X ရဲ့ Paid Account တွေကနေတစ်ဆင့် သတင်းမှားတွေ၊ ဝါဒဖြန့်ခြင်းတွေ လုပ်ဆောင်နေပြီး Paid Account တွေမို့ X ရဲ့ Content Moderation တွေကလည်း မျက်ကွယ်ပြုထားတယ်လို့ ဆိုပါတယ်။ ဒါတွေကို Analysis လုပ်ထားပြီးဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ လူကြည့်များတဲ့ ဝါဒဖြန့်တဲ့ Tweet တွေထဲမှာမှ Airbnb, Pizza Hut, စတဲ့ ကုမ္မဏီကြီးတွေရဲ့ Ads တွေကိုပြသပြီး လူကြည့်များအောင် အကျိုးအမြတ်ယူနေတယ်လို့လည်း ထပ်ဆောင်းဖော်ပြထားပါတယ်။

Musk ဖက်ကတော့ ဘယ်သူ့ကိုရည်ရွယ်မှန်းမသိတဲ့ "ကြော်ငြာနဲ့ တစ်ခြား Paid Account တွေကရတဲ့ အကျိုးအမြတ်တွေ အကုန်လုံးကို Gaza မှာရှိတဲ့ ဆေးရုံတွေကို လျှူဒါန်းသွားမယ်" ဆိုပြီး Tweet ထလုပ်တဲ့အကွက်တွေတော့ ရှိပါတယ်။ ဒါပေမယ့် X ရဲ့ Head of Business ကတော့ လျှူဒါန်းမယ့် ပမာဏက "Sizable Amount" လို့ဆိုတဲ့အတွက် ကန့်သတ်ထားမယ်လို့တော့ မျှော်လင့်ရပါတယ်။

Ref : CNET

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Google ရဲ့ နောက်ဆုံးထွက် Gemini AI model

Next
Next

Samsung S24 Ultra ရဲ့ ထွက်ရှိလာတဲ့ Leaks Photos များ