Australia မှာ Cyber Attack ကြောင့် ၃ ရက်ခန့်ရပ်နားသွားတဲ့ ရေနက်ဆိပ်ကမ်း

DP World ဆိုတဲ့ ကွန်တိန်နာသင်္ဘာတွေ ရပ်နားလေ့ရှိတဲ့ သင်္ဘောဆိပ်ကမ်းတစ်ခုဟာ ဆိုင်ဘာတိုက်ခိုက်မှုကြုံရပြီးတဲ့နောက် အင်တာနက်ပြတ်တောက်သွားသလို၊ Website တွေနဲ့ တစ်ခြား အင်တာနက်အသုံးချနိုင်မှုတွေ ရပ်တန့်သွားခဲ့ပါတယ်။

ခုလိုတိုက်ခိုက်မှုကြောင့် ကြီးများတဲ့ ကုန်ပစ္စည်းပြတ်တောက်မှုတော့ မဖြစ်သွားခဲ့ဘူးလို့ ဆိုပါတယ်။ တနင်္လာနေ့ Local Time 9:00 am မှာအကုန်ုလုံး ပြန်လည် လည်ပတ်သွားနိုင်ခဲ့တာဖြစ်ပြီး ဒီနေ့တစ်ရက်ထဲမှာ ကွန်တိန်နာအလုံးပေါင်း ၅၀၀၀ လောက် ထွက်ခွာဖို့လည်း ရှိတယ်လို့ ဆိပ်ကမ်းတာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၂ ကစတင်ပြီး Australia အနေနဲ့ Cyber Attack တွေလုပ်ခံရတဲ့ အကြိမ်ရေမြင့်တက်လာခဲ့ပါတယ်။ အရင်အပတ်တုန်းကလည်း နိုင်ငံသားသန်းနဲ့ချီပြီး ဖုန်းလိုင်းမရတဲ့ ပြဿနာတွေဖြစ်သွားခဲ့တဲ့ ဖြစ်ရပ်ရှိပါသေးတယ်။ အစိုးရအနေနဲ့ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် Cyber Laws ကိုပြင်ဆင်မှုတွေလုပ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

#AKhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

2024 မှာ RCS ပေးတော့မယ့် Apple

Next
Next

Inactive ဖြစ်နေတဲ့ Gmail တွေကို နောက်လမှာ စတင်ဖျက်သိမ်းသွားမယ့် Google