2024 မှာ RCS ပေးတော့မယ့် Apple
iMessage ထဲမှာ အပြာရောင်ဆို မိုက်တယ်၊ အထာကျတယ် iPhone သုံးသူချင်းဆိုတာသိတယ်ပေါ့။ အစိမ်းရောင်ဆိုရင်တော့ ရိုးရိုး Message၊ Android သုံးတဲ့ကောင်ဆိုပြီး သိပ်မမိုက်ဘူးပေါ့။ US ကလူတွေအတွက် iMessage ဆိုတာ သူတို့အတွက် နေ့စဥ်သုံးနေတဲ့ Messenger လိုမျိုး Messaging ပါ။ EU ဖက်မှာတော့ WhatsApp, Messenger, Telegram ကိုပိုသုံးကြပါတယ်။ မြန်မာမှာတော့ Viber, Messenger ဆိုပါတော့...
ကျနော်တို့ ပုံမှန်သုံးနေတဲ့ SMS ဟာ Cellular Network ပေါ်ကနေသွားပေမယ့် RCS ကတော့ iMessage လို Internet Messaging ဖြစ်ပါတယ်။ iMessage နဲ့မတူတာကတော့ ပို့သူနဲ့ လက်ခံသူက iPhone ဖြစ်စရာမလိုပဲ RCS ကိုသုံးပြီး Message ကနေတဆင့် ပုံတွေ၊ Video တွေအကုန်ပို့လို့ရတာပဲဖြစ်ပါတယ်။ RCS ကိုသုံးလိုက်ရင် iMessage သပ်သပ်မလိုတော့ပဲ ပုံပို့တာ၊ File ပို့တာ၊ Message တွေကို Reaction ပေးတာအကုန် လုပ်လို့ရမှာပါ။
Google အနေနဲ့ ပိုက်ဆံတွေအများကြီးအကုန်ခံပြီး Apple ကို RCS သုံးဖို့ Campaign တွေလုပ်ခဲ့ပေမယ့် Apple ကအဖက်မလုပ်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ EU ကဝင်လာပြီး ဥပေဒေသက်မှတ်လိုက်မှသာ Apple လည်း RCS သုံးမယ်ဆိုပြီးဖြစ်သွားတာပါ။ ဒါတောင် iMessage Feature ကိုဖျောက်မပစ်ပဲ ဆက်ထည့်ထားပြီး RCS + iMessage ဆက်သွားမယ်လို့ ယူဆရပါတယ်။ Nothing CEO Carl Pei ကလည်း သူတို့ Nothing မှာ Third-party Software ကိုပေါင်းပြီး iMessage ကိုသုံးလို့ရမယ်ဆိုတာ ကြေငြာပြီး လမကူးခင် ခုလိုသတင်းထွက်လာတော့ သူ့ကြောင့်ပဲ Apple က အရွေးတစ်ခုပါဝင်သလိုလို Xပေါ်မှာ ဝင်ငံနေတာတော့ နဲနဲ မျက်စိနောက်စရာပါ။
#AkhayarTech