Air Quality ကိုပါပြသနိုင်တော့မယ့် Google Maps

Google Maps အနေနဲ့ အသုံးပြုသူတွေကို လေကောင်းလေသန့်ရစေချင်တယ်ထင်ပါတယ်။ ဒါကြောင့်မို့ Google Maps မှာ Air Quality ကိုပြသပေးမယ့် လုပ်ဆောင်ချက်ကို ထည့်သွင်းလိုက်ပါတယ်။ Globally Air Quality ကိုပြသနိုင်ပေမယ့် US မှာပဲ data ကိုပြသနိုင်ဦးမှာဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်မှာ မီးခိုးထူနေလား၊ မြှူတွေကျနေလား၊ လေထုသန့်စင်မှု ညွန်းကိန်းဘယ်လောက်ရှိလဲ ဆိုတာမျိုးတွေကိုပါ ပြသပေးမှာဖြစ်ပါတယ်။

ခုလိုလုပ်ဆောင်ချက်အသစ်ကြောင့် အပြင်လမ်းလျောက်ထွက်မယ်၊ ပန်းခြံတွေကို သွားမယ်ဆိုရင် ဘယ်ဖက်ကို သွားရမလဲဆိုတာမျိုးတွေကို ဆုံးဖြတ်နိုင်လာမှာပါ။ ဒါ့အပြင် AQI ခေါ် Air Quality Index လို့ခေါ်တဲ့ လေထုသန့်စင်မှု ညွန်းကိန်းကို ပြသထားပေးပြီး ဘယ်ဒေသကိုတော့ သွားသင့်တယ်ဆိုတဲ့ လမ်းညွန်ချက်တွေလည်း ပြသပေးမှာပါ။

ဒီ Data တွေကို ယုံကြည်ရတဲ့ အမေရိကန်အတွင်းက အစိုးရအေဂျင်စီတွေနဲ့ ပတ်ဝန်းကျင်ကာကွယ်ရေးအဖွဲ့တွေဆီကနေရယူထားတယ်လို့ဆိုပါတယ်။ Maps မှာ Purple Air လို့ခေါ်တဲ့ ပြည်တွင်း လေထုတိုင်းတာရေး စက်တွေဆီကလည်း ရယူထားတယ်လို့ဆိုပါတယ်။ ဒီစက်တွေက တန်ဖိုးနည်း လေထုအချက်အလက် တိုင်းတာရေးအချက်အလက်တွေ ဖြစ်ပါတယ်။

ဒါ့အပြင် Maps မှာ တောမီးလောင်တာတွေကို ပြသပေးမယ့် လုပ်ဆောင်ချက်လည်း ပါဝင်ပါတယ်။ အမေရိကန်နိုင်ငံအတွင်းမှာရှိတဲ့ တောမီးနေရာတွေရဲ့ Up-to-date သတင်းတွေနဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ပြသပေးမယ့် လုပ်ဆောင်ချက်ဖြစ်ပြီး ဒီအချက်အလက်တွေကိုတော့ အမေရိကန် ပြည်တွင်းတောမီးစောင့်ကြည့်ရေး အဖွဲ့အစည်းနဲ့ ပူပေါင်းရယူထားတယ်လို့သိရပါတယ်။

Ref : Google

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

မြန်မာနိုင်ငံမှ ချစ်ခင်မြတ်နိုးစရာမောင်နှံစုံတွဲများအတွက် အဓိပ္ပာယ် ပြည့်ဝလှသည့် Partners for Life အစီအစဉ်အား Samsung မှ စတင်မိတ်ဆက်

Next
Next

လစဥ်ကြေးပေးသုံးလို့ရမယ့် Telegram Premium