လစဥ်ကြေးပေးသုံးလို့ရမယ့် Telegram Premium

လုံခြုံတဲ့ စာပို့စနစ်နဲ့ ဇာတ်လမ်း Channel တွေကြောင့် Telegram ဟာ မြန်မာနိုင်ငံမှာ လူသုံးများလာတဲ့ Messaging Platform တစ်ခုဖြစ်လာပါတယ်။ Telegram ကိုအခမဲ့သုံး Download ဆွဲနိုင်ပြီး သုံးစွဲခွင့်ကလည်း အခမဲ့ပါ။ အခမဲ့သုံးစွဲခွင့်ပေးထားတာတောင် လုပ်ပိုင်ခွင့်တွေက အများကြီးပါ။ Update တိုင်းမှာလည်း အမြဲအသုံးဝင်မယ့် Feature တွေထည့်ထားပေးတတ်ပါတယ်။ ခုလောလေလာဆယ်မှာတော့ Telegram Premium ဆိုတဲ့ အမည်နဲ့ လစဥ်ကြေးစနစ်နဲ့ Telegram ကိုစတင်တော့မယ်လို့ သတင်းထွက်လာပါတယ်။

Meta တို့လို့ အသုံးပြုသူတွေရဲ့ Data တွေကိုခိုးယူပြီး ကြော်ငြာတာနဲ့ Data ရောင်းစားတဲ့အလုပ်တွေမလုပ်ပဲ Telegram Official App ကလည်း လုံးဝအခမဲ့ဖြစ်တဲ့အပြင် ကြော်ငြာပြသတာမျိုးလည်း မရှိပါဘူး။

၂၀၂၁ ကစပြီး Telegram Founder Pavel Durov ကနေပြီး Telegram ကိုလစဥ်ကြေးနဲ့ အသုံးပြုနိုင်မယ့် စနစ်တစ်ခုကို စမ်းသပ်နေကြောင်းထုတ်ပြောခဲ့ပါတယ်။ အသုံးပြုသူများလာတာနဲ့ Resources တွေလိုအပ်မှုက များလာပါတယ်။ Telegram ရဲ့ Ads တွေကို Public Channel တွေရဲ့ Post တွေမှာ စာလုံးရေ ၁၆၀ ခန့်ရှိမယ့် Post အသေးစားအဖြစ်မြင်ရနိုင်ပြီး Ads တွေအနေနဲ့ External Link တွေမပါပဲ၊ Channel အချင်းချင်းကိုပဲ ပြန်ညွန်းမယ့် Internal Link တွေပဲပါဝင်မှာဖြစ်ပါတယ်။

Telegram Premium ကိုဝယ်ယူရင်တော့ တစ်လကို $5 ကျပ်ကျသင့်ပြီး ကန့်သန်ချက်တွေကို လျော့ချပေးထားပါတယ်။
• Doubled Limits.
• 4 GB Upload Size.
• Faster Download Speed.
• Voice-to-Text Conversion.
• No Ads.
• Unique Reactions.
• Premium Stickers.
• Advanced Chat Management.
• Profile Badge.
• Animated avatars.
• Additional application icons.
စတဲ့ Exclusive လုပ်ဆောင်ချက်တွေကို ရရှိမှာဖြစ်လို့ Telegram မှာ Channel ထောင်သူတွေအနေနဲ့ လစဥ်ကြေးနဲ့ အသုံးပြုကြမလားဆိုတာ စောင့်ကြရပါမယ်။ လောလောဆယ်မှာတော့ Telegram Premium ကို Android မှာ Beta အနေနဲ့ ထွက်ရှိပြီး Service ကို လူတိုင်းဝယ်လို့ မရသေးပါဘူး။

Ref : BleepingComputer

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Air Quality ကိုပါပြသနိုင်တော့မယ့် Google Maps

Next
Next

လှပသော ဒီဇိုင်းနှင့် ကောင်းမွန်သော ကင်မရာလုပ်ဆောင်ချက်များပါဝင်သည့် OPPO A Series အသစ် OPPO A55 မြန်မာနိုင်ငံ ဈေးကွက်သို့ ရောက်ရှိ