iPhone မှာဘယ် App တွေက Location Access လုပ်နေလဲကြည့်နည်းနဲ့ Location Access ပိတ်နည်း

iOS App တွေတော်တော်များများက Install လုပ်ပြီးပြီးချင်းမှာ Location ကို Precies လုပ်ဖို့တောင်းကြပါတယ်။ ဖုန်းမှာ App ပေါင်းသောင်းခြောက်ထောင် Install လုပ်ပြီးဘယ် App ကို Permission ပေးလိုက်လဲဆိုတာလဲ မှတ်မိဖို့ခက်တယ်ဟုတ်??

Location Permission တောင်းတဲ့အခါ "Allow Once","Allowing While Using App", "Don't Allow" ဆိုပြီး ပုံမှန်အားဖြင့် Option 3 ခုမြင်ရနိုင်မှာပါ။ အများအားဖြင့် လူအများစုက Precise Location ကိုတော့ပိတ်ထားကြမှာမဟုတ်ပါဘူး။ Location Tracking မှာ Precise Location ဆိုရင် ပေအနည်းငယ်ကွာခြားရုံလောက်ပဲအထိ တိကျတဲ့ Location ကိုခြေရာခံမှာဖြစ်ပြီး၊ Approximate ဆိုရင်တော့ ကိုယ်ဘယ်မြို့မှာရောက်နေတယ်ဆိုတာလောက်ကိုပဲ ခြေရာခံမှာဖြစ်ပါတယ်။ အဲ့တော့ Precise ကိုမလိုအပ်ရင် ပိတ်ထားပါ။

အဲ့တော့ Location Access ကိုပြင်ချင်တယ်ဆိုရင်

- ပထမဆုံး Setting ကိုသွားပါ

- Privacy&Security ကိုဝင်ပါ

- Location Service ကိုထပ်ဝင်ပါ

- အဲ့ဒီမှာ Location ကိုသုံးနေတဲ့ App တွေကို မြင်ရနိုင်ပါတယ်။ ကိုယ့်စိတ်ကြိုက် Access Level ကိုပြင်ပါ။ Precise Location ကိုလည်း အဆိုပါနေရာမှာပဲ တစ်ခါတည်းပိတ်ခဲ့လို့ရပါတယ်။

ခုလိုပိတ်လိုက်ရင်တော့ ပိတ်ခံလိုက်ရတဲ့ App အနေနဲ့ ကိုယ့်ရဲ့ Location ကိုအတိအကျခြေရာခံလို့မရတော့ပါဘူး။ တစ်ကယ်လို့ လုံးဝခြေရာခံလို့မရစေချင်ရင်တော့ Location Preference ထဲက "Never" ကိုရွေးပေးရပါမယ်။

အားလုံးပဲ လုံခြုံတဲ့ Cyber Space ရနိုင်ကြပါစေ

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

စမ်းသုံးကြည့်သင့်တဲ့ Android Video Editing App များ

Next
Next

2010 ခုနှစ်စီက မြန်မာ့အင်တာနက်ခေတ်