Affordable Z-flip Phone လည်ဆွဲကြိုး

Flip ဖုန်းတွေကို ဘာလို့ကိုင်ချင်ကြလဲဆိုရင် ပရိသတ်ကြီး အယောက် ၁၀၀ ရဲ့အဖြေက???

သူများတွေကိုင်လို့၊ Innovative ဖြစ်လို့၊ လှလို့၊ Compact ဖြစ်လို့ ဒါမှမဟုတ် ပိုက်ဆံပေါလို့? ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်တစ်ကိုယ်ရအမြင်ဆိုရင် ခေါက်လို့ရတဲ့အတွက် Compact ဖြစ်တယ်။ ဘောင်းဘီထဲဖြစ်ဖြစ်၊ အင်္ကျီအိတ်ကပ်ထဲ အသာလေးထည့်လို့ရလို့ကြိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဖုန်းကို Cover ကပ်၊ ကြိုးတပ်ပြီး လည်ပင်းမှာဆွဲကြပါတယ်။

Samsung အနေနဲ့ Maison Margiela လို့ခေါ်တဲ့ ပြင်သစ် Fashion Brand တစ်ခုနဲ့ပေါင်းပြီး Flip 4 ကို Edition ထုတ်ထားပါတယ်။ အဆိုပါ Edition မှာ Custom UX တွေ၊ Theme Icon တွေသပ်သပ်ပါသလို လက်ကိုင်ကွင်းတစ်ခုလည်း ပါဝင်ပါသေးတယ်။ ဈေးကတော့ ဒေါ်လာ ၂၀၀၀ ခန့်ရှိပါမယ်။

ယခုလည်း စပိန်နဲ့ ပေါ်တူဂီက ဖက်ရှင်သမားတွေအတွက် El Ganso ဆိုတဲ့ ဖက်ရှင်ကုမ္ပဏီတစ်ခုနဲ့ပေါင်းပြီး Zflip4 အတွက် လည်ဆွဲကြိုးထွက်ဖို့ရှိပြီး Budget ဈေးနဲ့ထွက်လာမယ်လို့ဆိုပါတယ်။ ဈေးကတော့ ယူရို ၁၀ ဝန်းကျင်ပဲရှိမယ်လို့သိရပြီး ဒီဇိုင်း ၇ မျိုးထွက်လာမှာပါ။

ဒီတော့ ခေါက်လည်ဆွဲဖုန်းကြိုက်တဲ့သူတွေအတွက် ရွေးချယ်စရာနဲ့ အပိုကုန်စရာတစ်ခုဖော်ပြပေးလိုက်ပါတယ်။ မိတ်ဆွေတို့ရော Zflip ဖုန်းတွေကို လည်ဆွဲဖြစ်ကြလားဗျ?

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

အထာကျကျ Google ခေါက်နည်း

Next
Next

File Size သေးသေးနဲ့ ဆော့လို့ကောင်းမယ့် Game (၅) ခု