အထာကျကျ Google ခေါက်နည်း

Google မှာ Result တစ်ခုကို ရှာတဲ့အခါ သိချင်တဲ့ ပြဿနာကို စလည်ဆုံး ရိုက်ရှာနေတုန်းလား?? ဒါဆိုရင်တော့ ဒီစာကို ဆက်ပြီးဖတ်ကြည့်လိုက်ပါ။

Google မှာ Web Surfing လုပ်တဲ့အခါ ပိုလွယ်အောင် Google မှာ ဖွက်ထားတဲ့ ဆရာကျကျ Google ခေါက်နည်းတွေရှိပါတယ်။ ဒါတွေကိုသိရင် နောက်ပိုင်း Googling လုပ်တဲ့အခါ ပိုပြီး ဆရာကျပြီး မြန်လာပါလိမ့်မယ်

1.Exact-Same Search ပုံမှန် Keyword တစ်ခုကိုရိုက်ရှာတဲ့အခါ Google ကကျွန်တော်တို့ Keyword နဲ့အသင့်တော်ဆုံး Result တွေကိုပြပေးတာဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်ရှာတဲ့ Keyword ကိုပဲ အတိအကျပါဝင်စေချင်တယ်ဆိုရင်တော့ ကိုယ်ရှာချင်တဲ့ Keyword ကို " " (Double Quote) ထဲထည့်ရှာပေးလိုက်လို့ရပါတယ်။

2.OR ကိုသုံးပါ တစ်ခါတစ်လေမှာ Keyword ၂ ခုကိုတစ်ပြိုင်နက်တည်း ရှာချင်တဲ့အခါ OR ဆိုတဲ့စကားလုံးကို ရှာချင်တဲ့ Keyword ၂ ခုကြားမှာ ထည့်ပြီးရှာလို့ရပါတယ်။ Keyword ၂ ခုလုံးရဲ့ Result ကို တစ်လှည့်စီ Google ကပြပေးပါလိမ့်မယ်။ ဥပမာ - "android OR iOS", "မမ OR ညီမလေး"

3.မကြည့်ချင်တဲ့ Result တွေကိုဖယ်မယ် Google မှာ တစ်ခုခုကိုရှာလိုက်ရင် ပထမဆုံး ကျလာတဲ့ Result တွေက Search Enging Optimizing လုပ်ထားတဲ့ (သို့) ads တွေRun ထားတဲ့ Result တွေဖြစ်ပြီး ကိုယ်ရှာတဲ့ Result တွေဖြစ်လေ့မရှိပါဘူး။ အဲ့ဒီအခါ (-) ကိုသုံးပြီး အဆိုပါ result တွေကိုဖယ်လို့ရပါတယ်။ ဥပမာ - Best Vpn -ad လို့ရှာလိုက်ရင် Ads မပါတဲ့ Best VPN တွေမြင်ရမှာပါ

4.File အမျိုးအစားကိုရှာကြမယ် ကိုယ်လိုချင်တာက Docx format ကို PDF Format ပေးလိုက်တာမျိုး၊ MP4 ရှာတာကို M4A ပေးလိုက်တာမျိုး ကြုံဖူးရင် ကိုယ်လိုချင်တဲ့ ​File Type ကိုသတ်သတ်မှတ်မှတ်ပေးပြီး ရှာလို့ရပါတယ်။ ဥပမာ - filetype:mp4 Lana Del Rey

5.ကိုယ်လိုချင်တဲ့ Website မှာပဲ သေသေချာချာရှာမယ် ကျွန်တော်တို့ဟာ Website တစ်ခုက Information ကိုလိုချင်တဲ့အခါ အရင်ဆုံး အဆိုပါ Website ကိုအရင်သွား၊ ပြီးမှ Website ထဲဝင်ပြီး တစ်ဆင့်လိုက်ရှာရတာဖြစ်ပါတယ်။ တစ်ကယ်လို့ မိတ်ဆွေက "site:(ကိုယ်ရှာချင်တဲ့Websiteလိပ်စာအပြည့်အစု) ရှာချင်တဲ့Keyword" လို့ရိုက်ရှာလိုက်ရင် Google ကပဲ အပေါ်ကအလုပ်တွေကို အစအဆုံးလုပ်ပေးသွားမှာပါ။ ဥပမာ - "site:www.wikipedia.org Myanmar" ဆိုရင် Wikipedia က Myanmar နဲ့ဆိုင်တဲ့ Result တွေပဲကျလာမှာပါ။

6.ကိုယ်လိုချင်တဲ့ Source ကိုသတ်သတ်မှတ်မှတ်ပေးပြီး ရှာနည်း အပေါ်က နံပါတ် ၅ အချက်က Website လိပ်စာပေးပြီးရှာတာပါ။ ဒါကတော့ Source ပေါင်းစုံကနေရှာတာပါတ။ ဥပမာ - "source:Youtube,theverge tesla" လို့ရှာရင် YouTube ကရော၊ The Verge ကရော Tesla နဲ့ဆိုင်တဲ့ Result တွေထွက်လာမှာပါ။

7.လိုချင်တဲ့ ခေါင်းစဥ်ကို တိတိကျကျရှာနည်း

တစ်ကယ်လို့ မိတ်ဆွေက Google မှာ သိချင်တဲ့ ခေါင်းစဥ်တစ်ခုကို ရှာတဲ့အခါ Google က အဆိုပါ စကားလုံးပါတဲ့ စာပိုဒ်တွေ၊ ခေါင်းစဥ်တွေ ပေါင်းစုံသင့်တော်မယ်ထင်တာကို ပြမှာပါ။ ဒါပေမယ့် ကိုယ်ကရှာလိုက်တဲ့စာပိုဒ်အတိအကျပါဝင်တဲ့ အကြောင်းအရာကိုပဲရှာချင်ရင်တော့ "intitle: or allintitle:" ဆိုတာကို သုံးနိုင်ပါတယ်။ ဥပမာ - "intitle: or allintitle: How not to reject by your crush" လိုမျိုးဖြစ်ပါတယ်

8. ဈေးနှုန်းအလိုက် ပစ္စည်းရှာခြင်း

လိုချင်တဲ့ ပစ္စည်းရဲ့ဈေးကို တိုက်ရိုက်ရှာချင်တာမျိုးဆိုရင်၊ $ ဆိုတာကိုထည့်သုံးနိုင်ပါတယ်။ ဥပမာ - "Best Android Phone $600"

9. Social Media တွေမှာ ရှာချင်ရင် @ ကိုသုံးပါ

တစ်ကယ်လို့ အကြောင်းအရာတစ်ခုကို Google မှာရှာချင်တာမဟုတ်ပဲ Social Media တွေကနေရှာချင်ရင် "@" ကိုသုံးပါ။ ဥပမာ - "Akhayar @Facebook, Joji @Instagram"

10. အစားထိုးချင်တဲ့အခါ related: ကိုသုံးပါ

ကိုသိချင်တဲ့အရာနဲ့ အကြောင်းအရာတူ ဒါပေမယ့်အမျိုးအစားကွဲတာကိုလိုချင်ရင် သုံးပါတယ်။ ဥပမာ - "related:nordvpn, realated:iPhone, related:instagram.com" Website, App, Product ပေါင်းစုံရဲ့ Alternative ပေါင်းစုံရှာလို့ရပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Nostalgia (back to 2010)

Next
Next

Affordable Z-flip Phone လည်ဆွဲကြိုး