စမ်းနားထောင်ကြည့်သင့်တဲ့ Spotify Podcast Channel များ

Spotify လို့ပြောရင် သီချင်းတွေတင်မဟုတ်ပဲ နောက်တစ်ခုပြောမြင်ကြမှာက Podcast ပါပဲ။ ညဖက်အိပ်မပျော်ရင်ပဲဖြစ်ဖြစ်၊ ခရီးသွားရင်ပဲဖြစ်ဖြစ် Podcast လေးနဲ့ငြိမ့်ရတာလည်း အရသာပါပဲ။ မိုးသည်းနေ့တွေမှာ ကော်ဖီလေးသောက်၊ စောင်လေးခြုံ၊ Podcast လေးနဲ့ ငြိမ့်လို့ရတဲ့ အချိန်တွေကလည်းတန်ဖိုးဖြတ်မရပါဘူး။ အဲ့တော့နားထောင်ကြည့်သင့်တဲ့ Spotify Podcast တွေရှဲပေးမယ်နော်...

1.Heavyweight

အိပ်ရာထဲမှာလှဲပြီး စိတ်ဓာတ်တွေကျ၊ ဘာဖြစ်နေမှန်းမသိပဲ၊ ပျင်းနေတယ်ဆိုရင် Motivated ဖြစ်အောင်နားထောင်လို့ရမယ့် Channel ပဲဖြစ်ပါတယ်။ Motivated ဖြစ်အောင်ပြောပေးတာမဟုတ်ပဲ ဘယ်သူ့တုန်းကဘယ်လိုအဖြစ်အပျက်တွေကို ဘယ်လိုရုန်းထွက်ခဲ့တယ်ဆိုတဲ့ Sharging လုပ်ပေးပုံစံပြောပေးတာပါ။

2. Reply all

Geek Title တွေအတော်များများကို ဒီ Channel မှာတွေ့နိုင်ပါတယ်။ Online ပေါ်ကဖြစ်ရပ်တွေက အပြင်ဘဝကိုဘယ်လိုသက်ရောက်တယ်။ ဘယ်လိုအရာတွေကြောင့် Online ပေါ်မှာ ဘယ်လိုတွေဖြစ်တယ်ဆိုတာကို ဆွေးနွေးတဲ့ Channel ပဲဖြစ်ပါတယ်။

3. Call Her Daddy

Relationship အကြောင်းတွေ၊ Daddy Issue တွေ၊ Sexual Relationship အကြောင်းတွေ၊ ကလေးဖျက်ချမှုတွေ အစရှိတဲ့ အမျိုးသမီးတွေအကြောင်းကို Positive View ကနေပြောထားတဲ့ Podcast မှာ အမျိုးသမီးတွေ စမ်းနားထောင်ကြည့်နော်..

4. Plain English

သိပ္ပံပညာအကြောင်းကို လူတိုင်းနားလည်အောင် Laymen Terms တွေနဲ့ရှင်းပြတာကြောင့် အပျင်းလည်းပြေ၊ ဗဟုသုတလည်းရဆိုတာ ဒီလို Podcast Channel ကိုခေါ်တာပါ။ နားထောင်ပြီးရင် သူငယ်ချင်းတွေကြားမှာ ဆရာကြီးလုပ်လို့လည်းရအောင်ထိ လွယ်ကူတဲ့ အသုံးအနှုန်းတွေနဲ့ ပြန်ရှင်းပြထားလို့ ကလေးငယ်တွေပါ နားထောင်လို့ရပါတယ်။

5. Crime Show

မှုခင်းတွေနဲ့ပတ်သတ်လို့ ကြိုက်တဲ့သူ၊ Sherlock Holmes တွေကြိုက်တတ်သူဆို နားထောင်သင့်တဲ့ Podcast Series တစ်ခုပါ။ ကမ္ဘာ့တစ်လွှားက အမှုကြီးငယ်ပေါင်းစုံကို နားထောင်လို့ကောင်းအောင် တစ်နာရီမပြည့်တဲ့ Podcast တွေအဖြစ် နားထောင်နိုင်ပါတယ်။


Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

နားထောင်ကြည့်သင့်တဲ့ Spotify Playlist Part 2

Next
Next

Macbook နဲ့စာရေးမယ်ဆိုရင် အသုံးဝင်မယ့် Software များ