Tesla Model 3 Accident ဖြစ်ပြီးနောက် တရားစွဲခံထားရတဲ့ Tesla

အရပ်ဖက် ရှေ့နေအဖွဲ့တစ်ခုကနေ Tesla Model 3 ရဲ့ Suspension Design နဲ့ ဖြစ်ကတတ်ဆန်း Design ထုတ်လုပ်မှုတို့အတွက် Tesla နဲ့ Car Service Manager ကိုလူသေစေမှုနဲ့ တာဝန်မဲ့မှုတို့နဲ့ တရားစွဲထားတာဖြစ်ပါတယ်။

Nicholas Garcia, Jamin Alcala လို့ခေါ်တဲ့ လူငယ် ၂ ဦးဟာ September 13 ရက် 2021 တုန်းက Tesla Model 3 ကိုမောင်းနှင်နေရင်း ထိန်းမနိုင်တော့ပဲ လမ်းဘေးကိုချော်ကျကာ သစ်ပင် ၂ ပင်ကြားကို ညှပ်သွားပြီး မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ ကားအနေနဲ့ သစ်ပင်ကိုမတိုက်ခင် ကားအောက်ခြေနဲ့ လမ်းနဲ့ ဆက်တိုက််ပွတ်တိုက်သွားခဲ့ပြီး မီးပွားတွေထွက်လာခဲ့ပါသေးတယ်။ Accident ဟာ သေဆုံးသူရဲ့အိမ်နားမှာပဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

သေဆုံးသူရဲ့မိသားစုဝင်တွေပြောပြချက်အရ ကားရဲဲ့ Suspension System အလုပ်မလုပ်ခဲ့လို့ဖြစ်ခဲ့တာလို့ ဆိုထားပါတယ်။ Suspension System ပျက်စီးသွားတဲ့နောက်မှာ ကားအနေနဲ့ လမ်းနဲ့ပွတ်တိုက်မိပြီး ကားဝမ်းဗိုက်ထဲမှာရှိတဲ့ Battery တွေကို မီးလောင်စေခဲ့တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် သေဆုံးသူက Accident မဖြစ်ခင် ၄ ရက်အလိုတုန်းကလည်း ကားရဲ့ Suspension ရဲ့ Steering စနစ်မကောင်းခဲ့လို့ ပြင်ဆင်ဖို့သွားခဲ့ပါသေးတယ်။ ဒါ့ကြောင့် Service Manager အနေနဲ့ ခုလိုဖြစ်ကတတ်ဆန်းပြုပြင်ပေးခဲ့မှုနဲ့ Tesla ကိုတော့ ကား Design ကောင်းမွန်အောင်မပြုုလုပ်ပေးနိုင်မှု၊ Safety System မကောင်းမှုတို့နဲ့ တရားစွဲခဲ့တာဖြစ်ပါတယ််။

လမ်းပိုင်းလုံခြုံရေးဌာနကတော့ ကားအနေနဲ့ Accident မဖြစ်ခင် ၅ စက္ကန့်အလိုမှာ ကားအနေနဲ့ တစ်နာရီကို မိုင် ၉၀ ခန့်ထိ အရှိန်တင်သွားခဲ့ပြီး ကားမောင်းသူအနေနဲ့ ကားကို အရှိန်ထိန်းဖို့ကြိုးစားခဲ့တာ မရှိဘူးလို့ ဆိုထားပါတယ်။ ဒါ့အပြင် တစ်ခြားကားမောင်းသူတစ်ယောက်ရဲ့ ကားCamerra ကနေဖမ််းယူရရှိတဲ့ မှတ်တမ်းတွေအရ ကားလမ်းဆုံတစ်ခုကိုဖြတ်ပြီးတဲ့နောက် ကားကအရှိန်အရမ်းမြင့်လာပြီး ဘုတုံးတစ်ခုကိုတိုက်ပြီးတဲ့နောက် မီးပွားတွေထွက်လာပြီး လမ်းဘေးကိုချော်ကျသွားတယ်လို့ ဆိုပါတယ်။

October 2021 တုန်းက Tesla အနေနဲ့ ကား 2791 စီးကို Front Suspension မကောင်းလို့ ပြန်သိမ်းခဲ့တာမျိုးရှိခဲ့သလို Over-th-air Software update ပြဿနာရှိလို့ပြန်သိမ်းတဲ့ကားတွေထဲမှာ Model Ys နဲ့ Model 3s တွေပါဝင်ပါတယ်။ ဒါပေမယ့် Accident ဖြစ်တဲ့ ကားကခုလိုပြန်သိမ်းတဲ့ထဲပါဝင်တယ်လို့တော့ တရားစွဲဆိုတဲ့ထဲမှာ ပါဝင်ခြင်းမရှိပါဘူး။ Tesla အနေနဲ့ လွန်ခဲ့တဲ့ ၆ လအတွင်းက Warranty ပြန်သိမ်းမှု ၁၃၃ မှုနဲ့ လူအထိအခိုက်မရှိတဲ့ ကား Accident ၁၀၄ မှုထိရှိခဲ့တယ်လို့ သိရပါတယ်။

Ref : Theverge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

နောက်ဆုံးပေါ် အဆင့်မြင့် V စီးရီး စတင်ရောင်းချမည့်ရက်ကို တရားဝင်မိတ်ဆက်ပေးမည့် Vivo

Next
Next

realme က ၄င်းတို့၏ ပရီမီယံအကျဆုံး Flagship ထုတ်ကုန်ဖြစ်သည့် realme GT 2 Series ကို MWC 2022 ပြပွဲတွင် ဖေဖော်ဝါရီလ ၂၈ရက်၌မိတ်ဆက်ပေးသွားမည်