December 5 ရက်နေ့မှာထွက်လာမယ့် OnePlus 12

OnePlus 12 ကို နောက်လ December 5 ရက်နေ့မှာ Launch လုပ်မယ်လို့ ကြေငြာထားပြီး အရောင်ကတော့ အဖြူ၊ အစိမ်း၊ အနက်ဆိုပြီး ၃ ရောင်ထွက်လာမှာပါ။ December 5 ရက်နေ့ဟာ OnePlus ရဲ့ ၁၀ နှစ်ပြည့် Anni လည်းဖြစ်ပါသေးတယ်။

ဒီဇိုင်းပိုင်းကတော့ Leak ဖြစ်ထားတဲ့ ပုံတွေနဲ့အတူတူပါပဲ။ နောက်ကျောဖက်မှာ Periscope Lens နဲ့ အဝိုင်းပုံစံ Triple Camera Step-up ကိုမြင်ရပါမယ်။ Periscope ကိုတော့ Zoom အတွက်ထည့်ထားပြီး Megapixel ကတော့ 64- megapixel periscope tele lens သုံးထားပါတယ်။ တစ်ခြား Lens တွေကတော့ 50-megapixel Sony LYT-808 sensor OIS Lens နဲ့ 50-megapixel ultrawide Sony IMX581 sensor သုံးထားပါတယ်။ Selfie ကတော့ 32-megapixel Sensor ပါ။

Display ကတော့ အခုံးဖြစ်ပြီး mistouch မဖြစ်အောင် Software နဲ့ Optimize လုပ်ထားတယ်လို့ ကြေငြာထားပါတယ်။ CPU ကတော့ Snapdragon 8 Gen 3 ကို 16GB RAM, Storage 512GB ကို Standard Version ထုတ်သွားမှာမို့ ဈေးကလည်း မသေးလောက်ပါဘူး။ 120Hz refresh rate နဲ့ 2600 nits Brightness ထိရမယ့် 2K Display ကိုလည်းသုံးထားပေးပြီး 2600 nits ဖြစ်မဖြစ်ဆိုတာကတော့ နောက်ပိုင်း Tester တွေလာပါလိမ့်မယ်။

Ref : India Tech

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Samsung S24 Ultra ရဲ့ ထွက်ရှိလာတဲ့ Leaks Photos များ

Next
Next

YouTuber JerryRigEverything နဲ့ Dbrand တို့ Casetify ကိုပူးပေါင်းတရားစွဲ