Android User တွေအတွက်် ChatGPT Official App လာတော့မယ်

iOS သမားတွေအတွက် ရတာလပိုင်းရှိလာပေမယ့် Android အသုံးပြုသူတွေကိုလည်း ChatGPT ကပစ်မထားပါဘူး။ OpenAI က Develop လုပ်ထားတဲ့ Official ChatGPT App ကို Android အတွက် ထုတ်ပေးဖို့ ပြင်နေပါပြီ။

UI တွေကတော့ iOS App နဲ့ သိပ်မထူးခြားပဲ အတူတူပဲဖြစ်လာမှာပါ။ ChatGPT Plus ဝယ်သုံးတဲ့သူတွေကတော့ ပိုကောင်း၊ ပိုမြန်တဲ့ Service ရမှာဖြစ်ပေမယ့် Normal User တွေကတော့ Whisper လိုမျိုး Voice recognition Model တွေကိုတော့ သုံးခွင့်ရနေဦးမှာပါ။

Browser အစားထိုး နေ့စဥ်နီးပါးလောက် သုံးဖြစ်နေတဲ့ ChatGPT ကို App အနေနဲ့ ထုတ်ပေးလာတာက အတော်လေး အဆင်ပြေသလို၊ iOS မှာ အသုံးပြုကြည့်ရသလောက်တော့ App မှာ UI/UX ပိုကောင်းပါတယ်။

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

iPhone 14 Series လောက်ရောင်းအားသွက်မယ်မထင်ရတဲ့ iPhone 15 Series

Next
Next

AppleGPT လာတော့မလား??