200W Charging စမ်းသပ်နေတဲ့ Vivo

200W Output ပေးနိုင်တဲ့ Charger တစ်ခုကို Certified လုပ်ခဲ့တယ်လို့ ပြီးခဲ့တဲ့ အပတ်က တရုတ်ဖုန်းကုမ္ပဏီ တစ်ခုဖြစ်တဲ့ Vivo ကကြေငြာခဲ့ပါတယ်။ Certified ဖြစ်တာနဲ့အတူ စတင်ထုတ်လုပ်နေပြီလည်း ဖြစ်ပါတယ်။ Digital Chat Station ရဲ့သတင်းတွေအရ ဒီ Charger ကို iQOO 10 Pro မှာ ထည့်သွင်းသွားမယ်လို့ သိရပါတယ်။ iQOO 10 Pro ကိုဒီနှစ်ကုန်မှာ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။

V2001L0B0 လို့ အမည်ရတဲ့ ဒီ Charger ဟာ 20V နဲ့ 10A ကိုထုတ်ပေးမှာဖြစ်ပြီး Wireless Charging အတွက်လည်း 20V 3.25A ထုတ်ပေးနိုင်မယ်လို့ ဆိုပါတယ်။ Wireless Charging မှာဆိုရင် 65W တောင်ရမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ လောလောဆယ် ဈေးကွက်ထဲက iQOO 9 Pro ကတော့ 120W Fast Charging နဲ့ 50W Wireless Charging အသုံးပြုနိုင်ပါတယ်။

200W ထုတ်ပေးနိုင်တဲ့ Charger ဟာ Vivo ကပထမဆုံး ထုတ်ပေးတာတော့ မဟုတ်ပါဘူး။ Realme ကလည်း 100W နဲ့ 200W ကြား Output ပေးနိုင်မယ့် နည်းပညာတစ်ခုကို တီထွင်ထားပါသေးတယ်။ ဒါပေမယ့် သုံးစွဲသူတွေ လုံခြုံရေးအတွက် 150W ကိုပဲ ကန့်သန့်ထားခဲ့ပြီး Realme GT Neo3 မှာ 150W ပဲထည့်သွင်းခဲ့တာပါ။ ခုချိန်ထိ Realme GTNeo3 ဟာအမြန်ဆုံး Charging Speed Phone ဖြစ်နေဆဲပါ။

ဖုန်းကုမ္ပဏီတွေအနေနဲ့ ကမ္ဘာ့ပထမဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို အသည်းအသန်ကြော်ငြာချင်ကြတာကြောင့် မကြာခင်ပဲ ဒီစံချိန်လည်း ချိုးဖျက်ခံရဦးမယ်လို့ မျှော်လင့်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ ဘေးအန္တာရာယ်မဖြစ်စေဖို့လည်း နောက်ပိုင်း ဖုန်းတွေမှာ သတိပြုသင့်ကြောင်းကိုတော့ ဝေဖန်တာတွေရှိခဲ့ပါတယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

လှပသော ဒီဇိုင်းနှင့် ကောင်းမွန်သော ကင်မရာလုပ်ဆောင်ချက်များပါဝင်သည့် OPPO A Series အသစ် OPPO A55 မြန်မာနိုင်ငံ ဈေးကွက်သို့ ရောက်ရှိ

Next
Next

ကြီးမားသော 6000 mAh ဘက်ထရီ၊ 22.5W HUAWEI SuperCharge၊ 4+128 GB Storage တို့ပါဝင်သော HUAWEI nova Y70 အား မြန်မာကျပ် ၃၃၉,၀၀၀ ဖြင့်မြန်မာနိုင်ငံစျေးကွက်တွင် ဝယ်ယူရရှိနိုင်ပြီ