Android အတွက် Free To-Do List App များ

ဖုန်းမှာ တစ်ခုခု ချမှတ်ထားချင်တာအတွက် To-Do List App ကောင်းကောင်းနဲ့ အခမဲ့သုံးလို့ရတာကို ရှာနေတယ်ဆိုရင် ဒီ App တွေစမ်းသုံးဖို့ အကြံပေးပါရစေ။

၁. Google Task

Android လို့ခေါင်းစဥ်တပ်ထားပေမယ့် ဒီကောင်က iOS, Web, Mac Cross Platform သုံးလို့ရပါတယ်။ သုံးဖို့အတွက် Gmail Account တစ်ခုလိုတယ်ဆိုပေမယ့် လူတိုင်းနီးပါး Gmail သုံးနေတဲ့ မြန်မာမှာတော့ ထူးပြီး အကောင့်ဖွင့်ဖို့ မလိုပါဘူး။ အခမဲ့ရသလို ပေါ့ပေါ့ပါးပါးနဲ့ File Size လည်းသေးပါတယ်။

၂. Microsoft To Do: Lists & Tasks

Google keep လိုပဲ Microsoft အကောင့်ရှိရင် သုံးလို့ရမှာပါ။ အဲ့တော့ ရုံးမှာ MS Team တွေပဲသုံးတဲ့လူဆိုရင် ဒီApp ကိုသုံးပါ။ တစ်ခြား To Do List တွေထက်ပိုပြီး အဆင်ပြေပါလိမ့်မယ်။

၃. ColorNote Notepad Notes

ဒီ App က ကျွန်တော့်အတွက် Nostalgia ယူလာပေးတယ်ဆိုရင်လည်း ဟုတ်တယ်ပြောရမယ်။ ဘာလို့လဲဆို ၂၀၁၃ ကနေ လွန်ခဲ့တဲ့ ၄ နှစ်လောက်ထိ ဒီ App ကိုပဲဖုန်းအသစ်ပြောင်းတိုင်း သုံးခဲ့ဖူးလို့ပါ။ Notepad တင်မဟုတ်ပဲ To-Do List အဖြစ်လည်း သုံးလို့ရတဲ့ App ပါ။ UI, UX လည်းအရမ်းရိုးရှင်းပါတယ်။

၄. Trello

ဒီကောင်ကတော့ အဖွဲ့လိုက် Project Management တွေမှာပိုပြီး အသုံးများပါတယ်။ UI, UX အတော်လေး Optimize ဖြစ်တဲ့အပြင် Team လိုက် Collaborate လုပ်လို့ရတာ၊ Drag & Drop လုပ်လို့ရတဲ့ Feature တွေကြောင့် ကုမ္ပဏီတွေမှာ အတော်လေးသုံးကြပါတယ်။

၅. Notion

ဒီ App ကတော့ နောက်ပိုင်း အတော်လေး Boom ဖြစ်လာတဲ့ App ပါပဲ။ Multi-purpost Usage ရတာ၊ Plugin ထည့်လို့ရတာနဲ့၊ Cross-platform သုံးလို့ရတာတွေကြောင့် YouTube မှာလည်း သုံးနည်း Tutorial တွေအများကြီးရှိပါတယ်။ ကလိရတာ၊ Aesthetic ဖြစ်အောင်အလှဆင်တာ ကြိုက်ရင် သုံးကြည့်ပါ

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Google Favorite Chrome Extension of the Year List

Next
Next

Nostalgia (back to 2010)